ဂွါဒီယိုလာ ကို လာမည့်နှစ် ခေါ်ယူရန် မန်စီးတီး ကမ်းလှမ်း

August 2, 2015

ဂွါဒီယိုလာ ကို လာမည့်နှစ် ခေါ်ယူရန် မန်စီးတီး ကမ်းလှမ်း

လာမယ့်နှစ် ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းက နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ် နည်းပြ ပက် ဂွါဒီယိုလာကို ခန့်အပ်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၆ ဘောလုံးရာသီမှာ နည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ မန်စီးတီးက ကြိုတင် ကမ်းလှမ်းမှုတွေ ပြုလုပ်နေတာပါ။ စီးတီးက ဂွါဒီယိုလာကို တနှစ်ကို ပေါင်သန်း ၂၀ ပေးပြီး ၅ နှစ်စာချုပ်အတွက် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းတာလို့ ဗြိတိသျှ မီဒီယာဖြစ်တဲ့ မေယာသတင်းမှာ ခန့်မှန်းထားပါတယ်။ မန်စီးတီးရဲ့ လက်ရှိ နည်းပြ ပယ်လီဂရီနီရဲ့ စာချုပ်သက်တမ်းဟာလည်း လာမယ့် ရာသီ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ ကိုယ်တိုင်ကလည်း ဘယ်အသင်းကို ရွေးချယ်ရမလဲ ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာကို ၂၀၀၈ ကနေ ၂၀၁၂ အထိ နည်းပြ လုပ်ခဲ့ပြီး အသင်းကို စပိန်လာလီဂါ ချန်ပီယံ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ၂ ကြိမ် ချန်ပီဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကို ၂၀၁၃ ၊ ၂၀၁၄ ရာသီမှ ရောက်ရှိပြီး ဘွန်ဒတ်စ်လီဂါမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်။
6 years Ago
Up