ဂွါဒီယိုလာပြော

July 29, 2017

နောက်ခံကစားသမားတဦး ထပ်မံခေါ်ယူလိုကြောင်း ဂွါဒီယိုလာပြော

အပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံကစားသမားတဦး ထပ်ပြီးခေါ်ယူလိုတယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ခံအစွန်လူ သုံးဦးဖြစ်တဲ့ ဝေါ်ကာ၊ ဒယ်နီလိုနဲ့ မန်ဒီတို့ သုံးဦးအတွက် ပေါင်သန်း ၁၂၀ လောက် ငွေကြေးသုံးစွဲထားတာပါ။ ဒီလိုငွေကြေး အများအပြား သုံးစွဲထားခဲ့ပြီးဖြစ်ပေမယ့် ဗဟိုနောက်တန်းကစားသမားတဦး ခေါ်ယူဖို့ ဂွါဒီယိုလာက မျှော်လင့်နေတာပါ။ လက်ရှိ ဗဟိုနောက်ခံလူ သုံးဦးဖြစ်တဲ့ ကွန်ပနီ၊ ဂျွန်စတုန်းစ်နဲ့ အော်တာမန်ဒီတို့ရဲ့ ခြေ စွမ်းကို ကျေနပ်မိပေမယ့် နောက်ထပ်နောက်ခံလူတဦး ရှာဖွေသွားမယ်လို့ ဂွါဒီယိုလာက ပြောပါ တယ်။ လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ မန်စီးတီးအသင်းက ကစားသမား ၅ ဦးအတွက် ပေါင်သန်း ၂၀၀ လောက် ငွေကြေးသုံးစွဲထားပေမယ့် ကစားသမားစာရင်းကို အလုံးစုံကျေနပ်မှုမရှိသေးဘူးလို့လည်း ဂွါဒီယိုလာကဆိုပါတယ်။ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာခေါ်ယူလိုနေတဲ့ နောက်ခံအတွင်းလူနေရာအတွက် ဆိုစီဒက်က အီနီဂိုမာတီနက်ဇ် နဲ့ ဘိုင်ယန်မြူးနစ်က ဘတ်စတူဘာတို့ ကိုခေါ်ယူဖို့ ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။
4 years Ago
Up