ဂွါဒီယိုလာကို လစာတိုးပေးပြီး နှစ်ရှည်စာချုပ်ရန် မန်စီးတီး ကမ်းလှမ်းမည်

December 19, 2017

ဂွါဒီယိုလာကို လစာတိုးပေးပြီး နှစ်ရှည်စာချုပ်ရန် မန်စီးတီး ကမ်းလှမ်းမည်

မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာကို ဆုချီးမြှင့်တဲ့အနေနဲ့ လစာတိုးပေးပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။ စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းမှာ တနှစ်လုပ်ခ ပေါင် ၁၂ သန်း ရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်းတနှစ်ပဲ ကျန်ရှိတော့တာပါ။ ဂွါဒီယိုလာကို ဒီနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှာဖြစ်ပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတွေအနေနဲ့ နည်းပြ ဂွါဒီယိုလာကို မန်ယူအသင်းမှာ ဖာဂူဆန် ကိုင်တွယ်သွားသလို နှစ်ရှည်တာဝန်ယူဖို့ မျှော်လင့်ထားပြီး အသင်းရဲ့ သမိုင်းသစ်ကို ဂွါဒီယိုလာက ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။ အသက် ၄၆ နှစ်ရှိ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ၄ နှစ်၊ ဘိုင်ယန်မြူးနစ်အသင်းမှာ ၃ နှစ် တာဝန်ယူခဲ့ဖူးပါတယ်။
3 years Ago
Up