ဂွါဒီယိုလာ

May 20, 2019

ကွန်ပနီနေရာ အစားထိုးရန် မက်ဂွိုင်းယားကို မန်စီးတီး ပစ်မှတ်ထား

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ကွန်ပနီနေရာမှာ အစားထိုးဖို့အတွက် လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို အဓိက ပစ်မှတ်ထား ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် လာမယ့်ဘောလုံးရာသီကစပြီး မွေးရပ်မြေကလပ် အန်ဒါလက်ခ်ျအသင်းမှာ ကစားသမား နည်းပြအဖြစ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပနီနေရာမှာ ထိပ်တန်းနောက်ခံလူတဦး ခေါ်ယူဖို့ မန်စီးတီးအသင်းက ပစ်မှတ်ထားနေတာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကတော့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူလိုနေတာပါ။ ဒါပေမယ့် လက်စတာအသင်းက မက်ဂွိုင်းယားကို ပြီးခဲ့တဲ့နှစ်ကပဲ ၅ နှစ်သက်တမ်း တိုးထားတာကြောင့် ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးက ဗန်ဒိုက်အတွက် အသုံးပြုခဲ့တဲ့ ပေါင် ၇၅ သန်းခန့်နဲ့ ကမ်းလှမ်းမယ်ဆိုရင်တော့ လက်စတာအသင်းက လက်ခံစဉ်းစားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
2 years Ago

May 8, 2019

ပရီးမီးယားလိဂ် ချန်ပီယံဆု မန်စီးတီးလက်ထဲတွင်ရှိဟု ဂွါဒီယိုလာ ပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားဟာ မန်စီးတီးအသင်းရဲ့ လက်ထဲမှာပဲ ရှိတာကြောင့် လီဗာပူးကို ဖလားရစေချင်တဲ့ မီဒီယာတွေအတွက် စိတ်မကောင်းဘူးလို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ တနင်္လာနေ့က လက်စတာအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်ကို အနိုင်ကစားနိုင်ရင် ချန်ပီယံဆု ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ မီဒီယာခန်းထဲမှာရှိတဲ့ လူတွေဟာ လီဗာပူးအသင်းကို ချန်ပီယံဖြစ်စေချင်ကြပြီး ဆုဖလားက မိမိတို့လက်ထဲမှာပဲ ရှိတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့တာပါ။ လီဗာပူးအသင်းဟာ ပွဲစဉ်တိုင်းကို ဖိအားမရှိဘဲ ကစားလာနိုင်တာက ဆုဖလားရဖို့ သူတို့လက်ထဲမှာ မရှိလို့ဖြစ်ပြီး မန်စီးတီးအသင်း ဖိအားရှိနေတာကတော့ ဆုဖလားက မိမိတို့အသင်း လက်ထဲမှာပဲ ရှိတာကြောင့်ဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲကလည်း လျှော့တွက်လို့မရပေမယ့် ကစားသမားတွေ အားလုံးက ဘယ်လိုကစားရမလဲဆိုတာ သိနေတဲ့သူတွေဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။
2 years Ago
More News
Up