ဂွါတီမာလာ တောင်းဆို

March 2, 2018

မူးယစ်မှောင်ခို တိုက်ဖျက်ရေး ကူညီပေးရန် အမေရိကန်ကို ဂွါတီမာလာ တောင်းဆို

မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် နစ်ကီ ဟေလီရဲ့ဂွါတီမာလာခရီးစဉ်မှာ  တောင်းဆိုခဲ့တယ်လို့ ဂွါတီမာလာ ပြည်ထဲရေးဝန်ကြီးက  ပြောပါတယ်။ လိုအပ်တဲ့ အကူအညီတွေအတွက် ဆွေးနွေးခဲ့ပြီး လက်ရှိပေးနေတဲ့ အကူအညီ တိုးလာစေချင်တာကြောင့် တောင်းဆိုခဲ့တာလို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာလည်း ဂွါတီမာလာကို အကူအညီတွေပေးနေတဲ့ အမေရိကန်အစိုးရ အေဂျင်စီတွေရှိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ၀န်ကြီး ကပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ ဂွါတီမာလာမှာဖြစ်နေတဲ့ ခြိမ်းခြောက်မှုဟာ အမေရိကန်အပေါ်ကျ ရောက်နေတဲ့ ခြိမ်းခြောက်မှုပဲဖြစ်လို့ မူးယစ်ဆေးဝါးမှောင်ခိုမှုကို လက်တွဲ တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။ ဗဟိုအမေရိက နိုင်ငံတွေနဲ့ မက္ကဆီကိုကနေတစ်ဆင့် ပီရူးနဲ့ ကိုလံဘီယာကိုဖြတ်ပြီး အမေရိကန်နိုင်ငံထဲကို ကိုကင်းတွေ ၀င်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုပြီး တလအကြာမှာ နစ်ကီဟေလီရဲ့ ဂွါတီမာလာ ခရီးစဉ်ထွက်ပေါ်လာတာပါ။ အမေရိကန်နိုင်ငံထဲ မူးယစ်ဆေးဝါးတွေ ၀င်လာတဲ့ လမ်းကြောင်းပေါ်က နိုင်ငံတွေအနေနဲ့ မူးယစ်ဆေးတွေ စီးဝင်မှု ရပ်တန့်သွားအောင် မလုပ်နိုင်ဘူးဆိုရင် အကူအညီ ပေးတာတွေကိုလည်း ရပ်ဆိုင်းမယ်လို့ သမ္မတ ထရမ့်က အစောပိုင်းမှာ ပြောထားပါတယ်။
3 years Ago
Up