ဂွါတီမာလာ မိဘမဲ့ဂေဟာ

March 11, 2017

ဂွါတီမာလာ မိဘမဲ့ဂေဟာ မီးလောင်မှု သေဆုံးကလေးအရေအတွက် ၃၄ ဦးထိ မြင့်တက်

ဂွါတီမာလာနိုင်ငံ ဆန်ဟိုဆေးပန်နျူလာမြို့ရှိ မိဘမဲ့ဂေဟာ မီးလောင်မှုကြောင့် သေဆုံးတဲ့ ကလေးအရေအတွက်ဟာ မတ်လ ၉ ရက်နေ့က ၃၄ ဦးထိ မြင့်တက်သွားပါတယ်။ နောက်ထပ် ကလေး ၂၁ ဦးဟာလည်း ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိထားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဒေသခံ သတင်းစာတစောင်က သတင်းထုတ်ပြန်ပါတယ်။ ဆန်ဟိုဆေးပန်နျူလာမြို့ မိဘမဲ့ဂေဟာတခုမှာ မတ်လ ၇ ရက် ညက မီးလောင်မှုဖြစ်ခဲ့တာပါ။ ဂေဟာရဲ့ အစားအသောက် အနေအထိုင် ညံ့ဖျင်းမှုကို မကျေနပ်တဲ့အတွက် ကလေးတချို့က အိပ်ယာခင်းတွေကို မီးရှို့ဆန္ဒပြရာကနေ ဂေဟာတခုလုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂေဟာကို ကလေး ၄၀၀ အတွက်သာ တည်ဆောက်ထားတာဖြစ်ပေမယ့် အခင်းဖြစ်ချိန်မှာ ကလေး ၆၀၀ လောက် မှီခိုနေထိုင်တယ်လို့ သိရပါတယ်။ ကလေးအများစုဟာ ဆင်းရဲပြီး မိဘမဲ့ ဒါမှမဟုတ် နေအိမ်တွေမှာ ဖိနှိပ်ခံရတဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။ အခုလို မီးလောင်မှုပြဿနာဖြစ်ပြီးနောက်မှာတော့ အဲဒီဂေဟာမှာ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်အုပ်ချုပ်မှု ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်တွေပါ ထွက်ပေါ်လာကြောင်း ဒေသခံ သတင်းမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up