ဂွမ်ဒေါင်ဇီ

February 22, 2019

ကွင်းလယ်လူ ဂွမ်ဒေါင်ဇီကို ရောင်းချလိုခြင်းမရှိဟု အာဆင်နယ်နည်းပြ ပြော

အာဆင်နယ်ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ၁၉ နှစ်သား ဂွမ်ဒေါင်ဇီကို ပီအက်စ်ဂျီအသင်းထံ ရောင်းချလိုခြင်း မရှိဘူးလို့ နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ ဂွမ်ဒေါင်ဇီဟာ ပြင်သစ်လီဂူး ၂ ကလပ် လိုရီးရန့်အသင်းကနေ အာဆင်နယ်အသင်းထံ ပေါင် ၇ သန်းလောက်နဲ့ ရောက်ရှိလာခဲ့ပေမယ့် အမြဲတမ်း ပွဲထွက်ကစားသမားအဖြစ် ရွေးချယ် အသုံးပြုခံနေရသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥရောပထိပ်သီးကလပ်တွေရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး ပီအက်စ်ဂျီအသင်းကတော့ ခေါ်ယူဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။ အဲဒီ ပြင်သစ်ကစားသမားနဲ့ ပတ်သက်လို့ နည်းပြ အူနိုင်းအမ်မရီက ချီးကျူးစကား ပြောကြားသွားခဲ့တာမှာ ဂွမ်ဒေါင်ဇီရဲ့ တိုးတက်မှုဟာ သူလိုချင်တဲ့ပုံစံဖြစ်ကြောင်း၊ ရည်မှန်းချက်ကြီးမားပြီး အရည်အသွေးရှိတဲ့ ကစားသမားဖြစ်လို့ အသင်းအတွက် အရေးပါကြောင်း၊ သူ့ကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ကြားတော့ ထူးဆန်းပြီး ရောင်းထုတ်လိုခြင်းမရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။
3 years Ago
Up