ဂျွန်တယ်ရီ

August 11, 2020

ဂျွန်တယ်ရီနှင့် ဖာဒီနန်တို့ကို အခက်ခဲဆုံး ပြိုင်ဘက်များအဖြစ် ရောဘတ်ပီရက်စ် ရွေးချယ်

ဂျွန်တယ်ရီနဲ့ ဖာဒီနန်တို့ဟာ အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားတွေ ဖြစ်ခဲ့တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ရောဘတ်ပီရက်စ်က ပြောပါတယ်။  ပြင်သစ်ကစားသမားဟောင်း ရောဘတ်ပီရက်စ်ဟာ ၂၀၀၀ ပြည့်နှစ်က အာဆင်နယ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်နဲ့ အက်ဖ်အေဖလားချန်ပီယံ ၂ ကြိမ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့နဲ့ ပွဲစဉ်တွေဟာ ခက်ခဲတဲ့ ပွဲစဉ်တွေဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ တယ်ရီနဲ့ ဖာဒီနန်တို့ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းပြီး အခက်ခဲဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်လို့ ပီရက်စ်က သုံးသပ်တာပါ။ ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ ပွဲမှာ လူစား ဝင်ကစားခဲ့ပြီး ကြံ့ခိုင်မှုအားပြုတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် မိမိနဲ့ အဆင်မပြေနိုင်ကြောင်း တွေးမိခဲ့တယ်လို့ ပီရက်စ်က ပြောပါတယ်။  ဒါပေမဲ့လည်း ပီရက်စ်ဟာ အာဆင်နယ်မှာ ခြေစွမ်းပြခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အားကစား ကလောင်ရှင်တွေက ချီးမြင့်တဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုရခဲ့သလို အကောင်းဆုံး အသင်းမှာလည်း ၃ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။
1 year Ago

May 23, 2020

သမိုင်းတလျှောက် အကောင်းဆုံးအသင်းခေါင်းဆောင်အဖြစ် ဂျွန်တယ်ရီကို ဂျိုကိုး ချီးကျူး

ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအသင်းခေါင်းဆောင်ဟာ ဂျွန်တယ်ရီ ဖြစ်တယ်လို့ ဂျိုကိုးက ချီးကျူးလိုက်ပါတယ်။  ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးဟာ ဂျွန်တယ်ရီနဲ့ ချဲလ်ဆီးအသင်းမှာရော အင်္ဂလန်အသင်းမှာပါ တွဲဖက်ကစားခဲ့ဖူးပါတယ်။  ချဲလ်ဆီးအသင်းမှာ  ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၇ နှစ်ကြာ အတူ ကစားခဲ့တာပါ။  ဂျွန်တယ်ရီဟာ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အသင်းသားတွေကို ဦးဆောင်နိုင်သူဖြစ်ပြီး ပြီးပြည့်စုံမူအရှိဆုံး အသင်းခေါင်းဆောင်ဖြစ်တယ်လို့ ဂျိုကိုးက BT Sports ရုပ်သံမှာ ပြောပါတယ်။  အငြင်းပွားမှုတွေ ရှိမှာဖြစ်ပေမယ့်လည်း ဂျွန်တယ်ရီကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး အသင်းခေါင်းဆောင်လို့ သတ်မှတ်ချင်တယ်လို့ လည်း ဂျိုကိုးက ချီးကျူးပါတယ်။  နောက်ခံလူ တယ်ရီဟာ ချဲလ်ဆီးအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်အပါအဝင် စုစပေါင်းဆုဖလား ၁၅ လုံးရယူနိုင်ခဲ့ပါတယ်။
2 years Ago
More News
Up