ဂျွန်စီနာ

November 12, 2019

 နပန်းမင်းသား ဂျွန်စီနာ ပါဝင်သည့် မိသားစုဒရာမာဇာတ်မြူးရုပ်ရှင် - Playing with Fire (နမူနာ)

ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ရိုက်ကူးထားတဲ့ ဟောလိဝုဒ် မိသားစုဒရာမာဇာတ်မြူး ရုပ်ရှင် - Playing with Fire ကို နိုင်ငံတကာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က ဖြန့်ချိလိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Andy Fickman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ကြီးကြပ်ရေးမှူး Jake Carson ခေါင်းဆောင်တဲ့ မီးသတ်သမားတစုဟာ မီးလောင်ပြင်ထဲမှာ ပိတ်မိနေတဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၃ ယောက်ကို ကယ်တင်ခဲ့ရပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ အဲဒီကလေးတွေနဲ့ သူတို့မိဘတွေ ပြန်မဆုံနိုင်သေးခင်မှာ စခန်းမှာ ထိန်းကျောင်းရဖို့ ဖြစ်လာချိန်မှာတော့ မီးသတ်သမားတွေအနေနဲ့ ငြှိမ်းသတ်နေကျမီး မဟုတ်တဲ့ ခုလိုကလေးတွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကမောက်ကမ အခြေအနေတွေနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ နပန်းသမားတယောက်အဖြစ်ရော၊ သရုပ်ဆောင်မင်းသား တယောက်အဖြစ်ပါ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား John Cena နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ John Leguizamo ၊ Brianna Hildebrand ၊ Dennis Haysbert နဲ့ Judy Greer တို့ကလည်း အတွဲညီညီ ပါဝင်ထားကြပါတယ်။ ကြာမြင့်ချိန် ၉၆ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာတင် ဝင်ငွေ ၁၅ ဒသမ ၃ သန်း ရရှိထားခဲ့ပါတယ်။
2 years Ago
Up