ဂျေးဆူ

March 21, 2020

မန်စီးတီးတိုက်စစ်မှူးနှင့် ရော်နယ်ဒို တွဲဖက်ကစားသင့်ဟု အီတလီတိုက်စစ်မှူးဟောင်း ပြော

မန်စီးတီးတိုက်စစ်မှူး ဂျေးဆူဟာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့  သင့်တော်တဲ့ ကစားသမား ဖြစ်တယ်လို့ အီတလီတိုက်စစ်မှူးဟောင်း လူကာတိုနီက ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ ပီအက်စ်ဂျီမှာ ကစားနေတဲ့ အီကာဒီ၊ လိုက်ဇစ်တိုက်စစ်မှူးတီမိုဝါနာ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ဟာ လျာထားစာရင်းမှာ ပါဝင်နေတယ်လို့သိရပါတယ်။  ဂါဘရီယယ်က လျင်မြန်မှုရှိပြီး နည်းစနစ်ပိုင်းလည်း ကောင်းမွန်ကြောင်း၊ ဂျေးဆူအနေနဲ့ စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားမယ်ဆိုရင်တော့ အကောင်းဆုံးအတွဲဖက် ဖြစ်လာနိုင်ကြောင်း လူကာတိုနီ က ပြောကြားခဲ့တာပါ။
2 years Ago
Up