ဂျော်ဒန်ဆန်ချို

April 1, 2020

ဟယ်ရီကိန်းနှင့် ဆန်ချိုအား ခေါ်ရန် မန်ယူအသင်းကို ဖာဒီနန်တိုက်တွန်း

မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ ဂျော်ဒန်ဆန်ချိုတို့ကို ခေါ်ယူသင့်တယ်လို့ နောက်ခံလူဟောင်းဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ခြေစွမ်းပြသနေပေမယ့်လည်း ဆုဖလားရယူနိုင်ခြင်း မရှိတဲ့အပေါ်မှာတော့ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အကြောင်း ဖာဒီနန်က ဆိုပါတယ်။  ဒါကြောင့် ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသင့်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးက  အနည်းဆုံး ပေါင်သန်း၁၃၀ ခန့်ရှိနိုင်တယ်လို့ ဖာဒီနန်က ပြော ပါတယ်။  နောက်ထပ်ခေါ်ယူသင့်တဲ့ ကစားသမားက ဂျာမန်ကလပ် ဒေါ့မွန်အသင်းက အင်္ဂလန် တောင်ပံ တိုက်စစ်မှူး ဆန်ချို ဖြစ်တယ်လို့ ဖာဒီနန်က ဆိုပါတယ်။  လက်ရှိ ကစားသမားတွေဖြစ်တဲ့ မာစီယယ်၊ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့ ဟယ်ရီကိန်းတို့ရဲ့ တိုက်စစ်စုဖွဲ့မှုဟာ ယူနိုက်တက် အသင်းကို အောင်မြင်မူတွေရရှိအောင် စွမ်းဆောင်ပေးလိမ့်မယ်လို့ ဖာဒီနန်က အကြုံပြုခဲ့ပါတယ်။ 
2 years Ago
Up