ဂျော်ဒန်ခရိုင်

January 24, 2021

ကောင်းလုံကျွန်းဆွယ်၏ ဂျော်ဒန်ခရိုင်ကို ဟောင်ကောင်အစိုးရ လော့ဒေါင်းချ

ကောင်းလုံကျွန်းဆွယ်ရဲ့  ခရိုင်တစ်ခုကို ဇန်နဝါရီ ၂၃ ရက်က လော့ဒေါင်းချလိုက်ပြီး အဲဒီမှာ နေထိုင်သူအားလုံးကို ရောဂါပိုး ရှိမရှိ စစ်ဆေးလို့ မပြီးမချင်း အိမ်မှာပဲ နေရမယ်လို့  ဟောင်ကောင်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဂျော်ဒန်ခရိုင် ကန့်သတ်နေရာမှာ အဆောက်အဦ အလုံး ၇၀ ရှိပြီး ဇန်နဝါရီ ၂၅ ရက်မှာ လူတွေ အကုန်လုံးအလုပ်ခွင် ပြန်ဝင်နိုင်အောင်  ၄၈ နာရီအတွင်း  ပြီးအောင် စစ်ဆေးသွားမယ်လို့ အစိုးရက ဆိုပါတယ်။  ဒီလိုလုပ်တဲ့အတွက် အားလုံး အခက်တွေ့နိုင်တာကို သိပေမယ့် ပိုးကူးစက်တဲ့ ကွင်းဆက်ကို ရပ်တန့်သွားနိုင်မှာ ဖြစ်တယ်လို့ အစားအစာနဲ့ကျန်းမာရေးဝန်ကြီး ဆိုဖီယာချန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။   ဒါဟာ ဟောင်ကောင်ဒေသရဲ့ ခရိုင်တခုမှာ ပထမဆုံး အကြိမ် လော့ဒေါင်းချတာလည်း ဖြစ်ပါတယ်။   လော့ဒေါင်းချထားရာ နေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က "လော့ဒေါင်းဟာ အဲဒီမှာနေထိုင်သူတွေရဲ့ စိုးရိမ်မှုတွေကို ပြေပျောက်စေဖို့ ဖြစ်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 
9 months Ago
Up