ဂျော်ဂျီရာ

October 2, 2021

အတိုက်အခံများကို မဲပေးရန် ဂျော်ဂျီရာ သမ္မတဟောင်း တိုက်တွန်း

ဂျော်ဂျီယာသမ္မတဟောင်း မစ်ခေးလ် ဆာကက်ရှ်ဗီလီဟာ  နိုင်ငံကို ပြန်လာပြီဖြစ်ကြောင်း ပြောကြားလိုက်ပြီး ရွေးကောက်ပွဲမှာ အတိုက်အခံတွေကို မဲပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

 ဒါပေမယ့် အာဏာရပါတီကတော့ သူပြန်လာတယ်ဆိုတာဟာ အတုအယောင် ပြောဆိုနေခြင်းသာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ယူကရိန်းမှာအခြေစိုက်နေထိုင်တဲ့ သမ္မတဟောင်း ဆာကက်ရှ်ဗီလီဟာ  ရွေးကောက်ပွဲ အတွက် အိမ်ပြန်မယ့်အစီအစဉ်တွေကို ဒီတပတ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

 သောကြာနေ့ကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ-  ဂျော်ဂျီယာနိုင်ငံ ဘူတာမိမြို့မှာ  ရိုက်ကူးထားတယ်ဆိုတဲ့ ဗွီဒီယိုကိုတင်ပြီး သူ့ရဲ့ စည်းလုံးတဲ့ အမျိုသားလှုပ်ရှားမှုပါတီ သို့မဟုတ် လက်ရှိအာဏာရပါတီကို ဆန့်ကျင်တဲ့ ဘယ်ပါတီငယ်ကိုမဆို မဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 အာဏာရပါတီရဲ့ဥက္ကဌ အီရာ့က်လီ ကိုဘာခစ်ဒ်ဇေကတော့ ဆာကက်ရှ်ဗီလီ ဟာ ဗီဒီယိုကို အတုလုပ်ထားပြီး နိုင်ငံတွင်းမှာ မရှိဘူးလို့ ပြောဆိုကြောင်း Interfax သတင်းဌာနက ဖော်ပြထားပါတယ်။  

အာဏာရ ဂျော်ဂျီယာ မျှော်လင့်ချက် ပါတီနဲ့ ဆာကက်ရှ်ဗီလီကို ထောက်ခံတဲ့ အတိုက်အခံတွေကြားက တင်းမာမှုတွေဟာ မနှစ် ပါလီမန်ရွေးကောက်ပွဲကတည်းက ပြင်းထန်နေတာပါ။  

1 year Ago
Up