ဂျော်ဂျီယာ

January 6, 2021

ဂျော်ဂျီယာပြည်နယ်တွင် ဒုတိယအကျော့ ရွေးကောက်ပွဲ ကျင်းပ

အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်)ကို ဘယ်ပါတီ ထိန်းချုပ်မလဲဆိုတာ ဆုံးဖြတ်မယ့် ဂျော်ဂျီယာပြည်နယ် ဒုတိယအကျော့  ရွေးကောက်ပွဲကို ဇန်နဝါရီ ၅ ရက်က ကျင်းပပါတယ်။  ထူးခြားတဲ့ ဒုတိယအကျော့ရွေးကောက်ပွဲမှာ ဒီမိုကရက်အမတ်လောင်းတွေ ဖြစ်တဲ့ ရာဖယ်ဝါးနော့၊ ယွန်အော့ဆော့ဖ်တိုနဲ့ လက်ရှိ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ကယ်လီလိုးဖယ်လာ၊ ဒေးဗစ်ပါဒူးတို့ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။ မဲရုံပိတ်ပြီး ကနဦး မဲရလဒ်တွေအရ ဒီမိုကရက်အမတ်လောင်းတွေက ပွတ်ကာသီကာနဲ့ ဦးဆောင်နေပါတယ်။ မဲဆန္ဒရှင်တစ်ဦးကတည်း ဒီမိုကရက်တွေဟာ အပြောင်းအလဲကို ကိုယ်စားပြုတာမို့ ဒီမိုကရက်အမတ်လောင်းတွေကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။  ဂျော်ဂျီယာ ဒုတိယအကျော့ရွေးကောက်ပွဲဟာ ဒီမိုကရက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ ဥပဒေပြုလုပ်ငန်းစဉ် အောင်နိုင်ရေးအတွက် အရေးပါတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 
1 year Ago

November 21, 2020

ဂျော်ဂျီယာတွင်  သေနတ်သမား ၁ ဦးက လူ ၉ ဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်

ဂျော်ဂျီယာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်က အမည်မသိ သေနတ်သမား တစ်ယောက်က လူ ၉ ယောက်ကို ဓားစာခံခေါ်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။    မြို့တော်တစ်ဘလီစီက အသေးစားချေးငွေရုံးတခုမှာ ဓားစာခံခေါ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး  သေနတ်သမားရဲ့ တောင်းဆိုချက်တွေကို သေချာ မသိရသေးပါဘူး။  ဓားစာခံခေါ်မှုဖြစ်ခဲ့တဲ့ ရုံးကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ဂျော်ဂျီယာအနောက်ပိုင်း ဂျူဒီဒီမြို့မှာ ဓားစာခံခေါ်မှု ဖြစ်ခဲ့ပါတယ်။  အဲဒီတုန်းက မျက်နှာဖုံးစွပ် သေနတ်သမားဟာ  ဘဏ်ဓားပြမှုအတွင်း ဓားစာခံ ၄၃ ယောက် ကို ခေါ်ခဲ့ပါတယ်။   အဲဒီနောက် ဘဏ်ဓားပြဟာ ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်း ရပြီးတာနဲ့ ဓားစာခံ အားလုံးကို လွှတ်ပေးပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။ 
1 year Ago
Up