ဂျေဝိုင်လီ

A d v e r t i s e m e n t With Us

January 18, 2021

ဆမ်ဆောင်း လုပ်ငန်းစု၏ အမွေဆက်ခံသူ ဂျေဝိုင်လီကို ထောင်ဒဏ် လ ၃၀ ချမှတ်

ဆမ်ဆောင်းလုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဂျေဝိုင်လီကို လာဘ်ထိုးမှုနဲ့ တခြားစွဲချက်တွေကြောင့် တောင်ကိုရီးယား တရားသူကြီးက ထောင်ဒဏ် လ ၃၀ ကျခံဖို့ စီရင်ချက်ချလိုက်ပါတယ်။ ထောင်ဒဏ်ချခံရတဲ့ အသက် ၅၂ နှစ်အရွယ် လီကို ဇန်နဝါရီ ၁၈ ရက်နေ့က ဆိုးလ်မြို့စွန်က အူဝမ်အကျဉ်းစခန်းကို ပို့ခဲ့ကြပါတယ်။ ကမ္ဘာ့အကြီးစား နည်းပညာလုပ်ငန်းကြီးရဲ့ ခေါင်းဆောင် ထောင်ချခံရတာဟာ ဘေးကင်းရေး သေချာစေဖို့ စိန်ခေါ်မှုတရပ်လည်း ဖြစ်နေပါတယ်။ တခြား အကျဉ်းစခန်းတခုမှာ ထောင်သား အယောက် ၁၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဂျေဝိုင်လီ ရောက်တာနဲ့ တပြိုင်နက် သူ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးမယ်လို့ ဆိုးလ် အချုပ်စခန်း အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ rapid antigen test နည်းစနစ်နဲ့ စစ်ဆေးရင် ဓာတ်ခွဲခန်းမလိုဘဲ မိနစ် ၃၀ အတွင်း ပြီးနိုင်တယ်လို့ ပြောပါတယ်။ လီကို ထိန်းသိမ်းထားမယ့် ဆိုးလ်အကျဉ်းစခန်းမှာတော့ ဝန်ထမ်း အယောက် ၇၀၀ နဲ့ ထောင်သား အယောက် ၂၄၀၀ ရှိပြီး မနှစ်က ကပ်ဘေးစကတည်းက ခုထိ ဝန်ထမ်းတယောက်နဲ့ ထောင်သား လေးယောက်သာ ကူးစက်ခံဖူးတယ်လို့ အရာရှိတယောက်က ပြောပါတယ်။  လီဟာ သမ္မတဟောင်း ပတ်ခ်ဂွန်ဟေး ရဲ့ မိတ်ဆွေကို လာဘ်ထိုးမှုနဲ့ တရားစွဲခံရပြီး ၂၀၁၇ ခုနှစ်မှာ ထောင်ငါးနှစ် ပြစ်ဒဏ်ကျခဲ့ပါတယ်။  အဲဒီနောက် ထောင်သက် လျှော့ချခဲ့ပြီး အသနားခံခဲ့လို့ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ပြစ်ဒဏ်ကို ပြောင်းနိုင်ခဲ့လို့ ၂၀၁၈ မှာ ထောင်က ပြန်လွတ်ခဲ့ပါတယ်။
1 month Ago
Up