ဟောလိဝုဒ် အက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးမယ့် Shotgun Wedding ရုပ်ရှင်ထဲမှာ နာမည်ကြီးညှို့မင်းသမီး ဂျေလိုက ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဒီကားကိုတော့ ၂၀၁၂ ခုနှစ်ထွက် Pitch Perfect ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Jason Moore က ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဂျေလိုနဲ့အတူ လတ်တလော Netflix မှာ ပြသနေတဲ့ ရုပ်ရှင် ကား-Rebecca ထဲက သရုပ်ဆောင်မင်းသား Armie Hammer တို့က Darcy နဲ့ Tom ဇာတ်ကောင်တွေအဖြစ် အတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး အချစ်၊ အိမ်ထောင် ရေးနဲ့ အက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
Shotgun Wedding ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၁ နှစ် ဆန်းပိုင်းလောက်မှာ စတင်သွားမယ်လို့ Deadline သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
2 years Ago