ဂျေရုဆလင် မြို့ဟောင်း

December 22, 2020

ဂျေရုဆလင် မြို့ဟောင်းတွင် အရာရှိများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို အသေဖမ်းမိ

အစ္စရေး ရဲတွေက ဂျေရုဆလင် မြို့ဟောင်းထဲမှာ အရာရှိတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဘယ်သူဘယ်ဝါ မသိရသေးတဲ့ အမျိုးသားတယောက်ကို ဒီဇင်ဘာ ၂၁ ရက်က အသေပစ်သတ်ခဲ့တယ်လို့ ရဲပြောခွင့်ရက ပြောပါတယ်။ လုံခြုံရေး စစ်ဆေးရေးစခန်းမှာ အရာရှိတစုကို အမျိုးသားက ပစ်ခတ်ခဲ့တာလို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အရာရှိတယောက် ဒဏ်ရာရတယ်လို့ ကြေညာချက်က ပြောပါတယ်။ ဂျေရုဆလင် မြို့ဟောင်းက အယ်လ်အက်ဆာ ဗလီဝင်း ဝင်ပေါက်တွေထဲက တခုမှာ ဒီလိုဖြစ်ခဲ့တာပါ။  အယ်လ်အက်ဆာ ဗလီ အဆောက်အဦဟာ မွတ်စလင်တွေအတွက် အထွတ်အမြတ်နေရာဖြစ်သလို ဂျူးဘာသာဝင်တွေအတွက် မောင့်ထ် ဘုရားကျောင်းလည်း ဖြစ်ပါတယ်။
10 months Ago
Up