ဂျေရုဆလင်မြို့

July 22, 2020

ဂျေရုဆလင်မြို့တွင် ဆန္ဒပြသူများကို ရဲက မီးသတ်ပိုက်သုံးပြီး လူစုခွဲ

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က နတ်ဆတ်အရပ်မှာ ဇူလိုင် ၂၁ ရက်နေ့ ဆန္ဒပြသူထောင်ချီကို ရဲက မီးသတ်ပိုက်တွေ၊ မြင်းတွေနဲ့တိုက်ပြီး လူစုခွဲခဲ့ပါတယ်။ တပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှာ ဆန္ဒပြသူ ဆယ်ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ ၂၀၀၀ ကျော်ဟာ အစောပိုင်းက ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အိမ်တော်ရှေ့ သွားခဲ့ပြီး ညပိုင်းမှ နတ်ဆက်အရပ်ကို ဆက်ချီတက်ခဲ့တာပါ။ ပိုဆိုးလာနေတဲ့ ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းကို သူတို့ အစိုးရရဲ့ ကိုင်တွယ်ပုံကို ကန့်ကွက်ခဲ့သလို၊ အကျင့်ပျက် ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ကိုလည်း ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
1 year Ago

February 6, 2020

ကားတိုက်ခံရသဖြင့် အစ္စရေး စစ်သား ၁၂ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်က ကားတစ်စီးဝင်တိုက်လို့  အစ္စရေးစစ်သား ၁၂ ယောက်နဲ့ တခြားလူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ဒီဖြစ်ရပ်ကို သံသယဖြစ်ဖွယ် ပါလက်စတိုင်း တိုက်ခိုက်မှုဆိုပြီး  အစ္စရေးစစ်ဘက်နဲ့ ဆေးဘက်အရာရှိတွေက ပြောခဲ့ပါတယ်။   အရှေ့ဂျေရုဆလင် အာရပ်ရပ်ကွက်အနီး  ကားတိုက်မှုဖြစ်ရာ ဒေးဗစ်ရမ်မက်ဇ်လမ်းကနေ  ကားဒရိုင်ဘာ ထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   အဲဒီလမ်းတလျောက်မှာ ကဇာတ်ရုံ တရုံ၊ညပိုင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေ အများ အပြားရှိပါတယ်။  ဒဏ်ရာရခဲ့တဲ့ အစ္စရေးစစ်သားတွေဟာ သစ္စာခံယူပွဲမတိုင်မီ မြို့ထဲမှာ လျှောက်လည်နေခဲ့ကြတယ်လို့ စစ်ဘက်ပြောခွင့်ရတယောက် ပြောခဲ့ပါတယ်။  ဒီကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းနေတယ်လို့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောခဲ့ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် သမ္မတ ထရမ့်အဆိုပြုခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကြောင့် တအုံနွေးနွေးဖြစ်နေတဲ့  ပါလက်စတိုင်း မငြိမ်သက်မှုဟာ ဒေါသနဲ့ ပြန်လည် အုံကြွလာခဲ့ပါတယ်။   
2 years Ago
More News
Up