ဂျေမီရက်နက်ဒ်

A d v e r t i s e m e n t With Us

April 21, 2020

ဂျေဒန်ဆန်ချို မန်ယူကို ပြောင်းရွှေ့ပါက ခြေစွမ်းပြနိုင်မည်ဟု ဂျေမီရက်နက်ဒ် သုံးသပ်

ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့လာမယ်ဆိုရင် ခြေစွမ်းပြနိုင်မယ့် ကစားသမားဖြစ်တယ်လို့ Sky Sport နဲ့ အွန်လိုင်းအင်တာဗျူးမှာ လီဗာပူးနဲ့ စပါး ကွင်းလယ်ကစားသမားဟောင်း ဂျေမီရက်ဒ်နက်က သုံးသပ်ပြောပါတယ်။ ဂျေဒန်ဆန်ချိုဟာ မယုံကြည်နိုင်စရာကောင်းတဲ့ ပါရမီခြေစွမ်းမျိုး ပိုင်ဆိုင်ထားပြီး နှစ် အနည်းငယ်အတွင်းမှာ ထိပ်တန်းကစားသမား ၅ ဦး စာရင်းဝင်အောင် ခြေစွမ်းတိုးတက်လာခဲ့တယ်လို့ ရက်ဒ်နက်က ပြောပါတယ်။ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် ဖိအားရှိပေမယ့်လည်း အဲဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်ကြောင်း၊ သူသာ ပြောင်းရွှေ့လာမယ်ဆိုရင်  ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ကစားသမား ဖြစ်လာမှာဖြစ်ကြောင်း ဂျေမီရက်ဒ်နက်က ပြောပါတယ်။  ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ပြောင်းရွှေ့ကြေး သတ်မှတ်ထားပါတယ်။
10 months Ago
Up