ဂျေမီရက်ဒ်နက်

A d v e r t i s e m e n t With Us

April 17, 2020

ဟယ်ရီကိန်းကို ဆက်ထိန်းလိုပါက ကစားသမားကောင်းများ ခေါ်ရမည်ဟု ရက်ဒ်နက် ပြော

စပါးအသင်းနဲ့ နည်းပြမော်ရင်ဟိုတို့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆက်ထိန်းထားလိုပါက ကစားသမားကောင်းတွေ ခေါ်ယူပေးဖို့ လိုတယ်လို့ ကစားသမားဟောင်း ဂျေမီရက်ဒ်နက်က ပြောပါတယ်။  တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ ဆုဖလား ရယူဖူးခြင်း မရှိသေးတာကြောင့် အနာဂတ်မှာတော့ ဆုဖလားတွေ ရယူချင်တယ်လို့ ပြောဆိုထားတာပါ။  စပါးကစားသမားဟောင်း ဂျေမီရက်ဒ်နက်ကတော့ ဟယ်ရီကိန်းအနေနဲ့ အသင်းပြောင်းဖို့အတွက် လမ်းဖွင့်တဲ့ စကားပြောဆိုခဲ့တာက အသင်းကို လေးစားမှုမရှိလို့မဟုတ်ဘဲ သူ့ရဲ့ ရည်မှန်းချက်ကို လေးစားရမယ်လို့ ပြောပါတယ်။  ဟယ်ရီကိန်းအနေနဲ့ သစ္စာရှိမှုနဲ့ ရည်မှန်းချက် နှစ်ခုထဲကနေ တခုကို ရွေးချယ်ရမယ်လို့ ရက်ဒ်နက်က ပြောပါတယ်။  စပါးအသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေခေါ်ဖို့ လိုအပ်သလို ခြေစွမ်းတိုးတက်အောင်လည်း လုပ်ဆောင်ဖို့လိုပြီး အဲဒီလို မလုပ်ဆောင်နိုင်ပါက ဟယ်ရီကိန်းကို လက်လွှတ်ရနိုင်တယ်လို့ ရက်ဒ်နက်က သုံးသပ်ပါတယ်။  ဟယ်ရီကိန်းဟာ စပါးအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး စုပေါင်း ၂၇၈ ပွဲမှာ ၁၈၁ ဂိုးအထိ သွင်းယူထားပါတယ်။ 
11 months Ago
Up