ဒေါ့မွန်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ဂျေဒန်ဆန်ချိုကို ရောင်းချဖို့ အတွက် အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။
အင်္ဂလန်တောင်ပံ တိုက်စစ်မှူး ဆန်ချိုကို မန်ယူအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ တလျှောက်လုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဒေါ့မွန်အသင်းလိုချင်တဲ့ ပေါင် ၁၀၈ သန်းကို လက်ငင်း ပေးချေခြင်း မရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်သတင်း Sport Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း မန်ယူအသင်းနဲ့ ဆွေးနွေးညှိနိူင်းဖို့ မရှိဘဲ ဆန်ချိုကို ဆက်ထိန်းဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
မန်ယူအသင်းဟာ ဆန်ချိုကိုခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမဲ့ အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီး ကာဗာနီ၊ အဲလက်စ်တဲလက်စ်နဲ့ အခြားလူငယ်ကစားသမား ၂ ဦးကို လည်း ခေါ်ယူနိုင်ခဲ့ပါတယ်။
3 months Ago