ဂျူဗင်တပ်အသင်

January 4, 2020

အက်တလန်တာကွင်းလယ်လူ ကူလက်စ်ကီးကို ပေါင်သန်း ၃၀ ဖြင့် ဂျူဗင်တပ်ခေါ်ယူ

ဂျူဗင်တပ်အသင်းဟာ အက်တလန်တာကွင်းလယ်လူ ကူလက်စ်ကီးကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။  အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကူလက်စ်ကီးဟာ အက်တလန်တာကနေ ပါးမားအသင်းမှာ အငှားကစားနေသူဖြစ်ပါတယ်။  ဂျူဗင်တပ်အသင်းဟာ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူစာချုပ်အပြီးမှာ ပါးမားအသင်းကိုပဲ ရာသီကုန်အထိ အငှားချခဲ့ပါတယ်။ ဆွီဒင်ကွင်းလယ်လူ ကူလက်စ်ကီးဟာ အက်တလန်တာကနေ ပါမားအသင်းမှာ အငှား ကစားခဲ့ပြီး အခုနှစ်ရာသီမှာ စုစုပေါင်း ၁၉ ပွဲကစားခဲ့ပြီး  ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago

November 16, 2019

ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါ့ဘာကို ခေါ်ယူရန် ဂျူဗင်တပ်အသင်း စီစဉ်

ဂျူဗင်တပ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ ပေါ့ဘာကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ ရာသီတခုလုံး ကြိုးစားခဲ့ပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ပြန်လည်ကြိုးပမ်းလာဖို့ ရှိနေပါတယ်။  ဂျူဗင်တပ်စတား ရော်နယ်ဒိုက ကစားသမားဟောင််း ပေါ့ဘာကို ပြန်ခေါ်ဖို့ အသင်းရဲ့ အစီအစဉ်ကို မီးစိမ်းပြလိုက်တယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။ အခု အပြောင်းအရွှေ့ ဈေးကွက်မှာ ပေါ့ဘာနဲ့ ပတ်သက်တဲ့ ကောလာဟလများစွာ ထွက်ပေါ်နေပြီး ရီးရဲလ်အသင်းနည်းပြ ဇီဒန်းကလည်း ပေါ့ဘာကို အရခေါ်ဖို့ အရှိန်မြှင့်တင် ကြိုးပမ်းလာဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီဇင်ဘာအစောပိုင်းအထိ အနားယူရဦးမှာဖြစ်ပြီး ယူနိုက်တက်ဘက်က‌တော့ သူတို့ကစားသမားအတွက် ပေါင်သန်း ၁၈၀ လောက် လိုချင်နေပါ တယ်။  ဒါပေမယ့် ဒီဈေးနှုန်းဟာ သူ့ကို လိုချင်နေတဲ့ အသင်းတွေအတွက် အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘဲ ရီးရဲလ်နဲ့ဂျူဗင်တပ် နှစ်သင်းစလုံးက ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ စပိန်သတင်းစာ El Desmarque မှာ ဖော်ပြပါတယ်။ ဒီလို ခေါ်ယူနိုင်ဖို့ကိုလည်း ဂျူဗီတပ်အသင်းရဲ့ စတားပလေယာ ရော်နယ်ဒိုက မီးစီမ်းပြထား တယ်လို့ ဒီသတင်းမှာ ရေးသားထားပါတယ်။  ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာကို ၂၀၁၂ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းကနေ ခေါ်ယူခဲ့ပြီးတော့ အဲဒီနောက် လေးနှစ်အကြာမှ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၉၄ ဒသမ ၅ သန်းနဲ့ ယူနိုက်တက်အသင်းကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ အဓိကကစားသမားကို ရောင်းချလိုခြင်း မရှိပေမယ့် ပေါ့ဘာရဲ့ ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေ၊ လက်ရှိ ဒဏ်ရာအခြေအနေတွေကြောင့် ဒီကစားသမားကို သူတို့ သတ်မှတ်ထားတဲ့ ပေါင် ၁၈၀ ထက်နည်း တဲ့ ဈေးနဲ့ ရောင်းထုတ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
1 year Ago
Up