ဂျူဗင်တပ်နည်းပြ

January 17, 2020

ဘလွန်းဒီအောဆုကို ရော်နယ်ဒိုထက် မက်ဆီပိုမိုရရှိခြင်းကို စိတ်ပျက်ဟု ဂျူဗင်တပ်နည်းပြပြော

ဘလွန်းဒီအောဆုကို စီရော်နယ်ဒိုထက်ပိုပြီး မက်ဆီက ပိုမိုရရှိနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဂျူဗင်တပ်နည်းပြ ဆာရီက ပြောလိုက်ပါတယ်။  ဘလွန်းဒီအောဆုကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ၆ ကြိမ်နဲ့ အကြိမ်အများဆုံး ရယူထားတာပါ။  ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုကို ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ၅ ကြိမ် ရရှိခဲ့ပြီး လီယွန်နယ်မက်ဆီက ပြီးခဲ့တဲ့နှစ်မှာ တခုထပ်ရခဲ့လို့ စီရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့တာပါ။  စီရော်နယ်ဒိုအတွက် ၆ ကြိမ်မြောက် ဘလွန်းဒီအောဆုရယူနိုင်ဖို့ ကူညီသွားချင်ပြီး တစုံတယောက်က သူ့ထက်ပိုပြီး ဘလွန်းဒီအောဆု အကြိမ်အရေအတွက် ပိုများနေတာဟာ အမှန်တကယ် စိတ်ပျက်စရာ ကောင်းတယ်လို့ နည်းပြ ဆာရီက ပြောပါတယ်။  ဆက်လက်ပြီး အသင်းတိုက်စစ်မှူး ဒိုင်ဘားလားဟာလည်း  ဘလွန်းဒီအောဆုကို စိန်ခေါ်နိုင် သူ ဖြစ်လာလိမ့်မယ်လို့ ဆာရီက သုံးသပ်ပြောပါတယ်။ 
1 year Ago
Up