မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချပြီး နောက်ခံလူ ဒီလစ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ ပေါ့ဘာနဲ့ ဒီလစ်ကို အလဲအထပ်သဘောနဲ့ လဲလှယ်သွားဖို့ မန်ယူအသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ ဗဟိုနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဟော်လန်ကလပ် အေဂျက်ဇ်ကနေ ဂျူဗင်တပ်စ်အသင်းဆီကို ပေါင် ၆၇ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။
ပေါ့ဘာရဲ့ စာချုပ်သက်တမ်းဟာလည်း တနှစ်သာ ကျန်ရှိတော့တာကြောင့် ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချပြီး ဒီလစ်ကို ပြန်ခေါ်ဖို့ မန်ယူအသင်းက စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
ပေါ့ဘာကိုလည်း အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းက ပြန်လည်ခေါ်ယူလိုနေတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး လိဂ်ချန်ပီယံဆုဖလားကို ၄ နှစ်လုံး ရယူနိုင်ခဲ့ပါတယ်။
2 years Ago