ဂျူဗင်တပ်စ်

November 30, 2021

ငွေစာရင်းပြဿနာကြောင့် ဂျူဗင်တပ်စ်အသင်း တန်းဆင်းကစားရဖွယ်ရှိနေ

အီတလီစီးရီအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ ငွေစာရင်းပြဿနာတွေကြောင့် စစ်ဆေးခံနေရပြီး စီးရီးဘီကို တန်းဆင်း ကစားရနိုင်တဲ့အခြေအနေတွေ ရှိနေတယ်လို့သိရပါတယ်။

တူရင်နဲ့ မီလန်မှာရှိတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ရုံးခန်းတွေကို အီတလီရဲတပ်ဖွဲ့က oင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဂျူဗင်တပ်စ် အသင်းတာဝန်ရှိသူတွေဟာလည်း စစ်ဆေးခံနေရပါတယ်။

၂၀၁၉ ကနေ ၂၀၂၁ခုနှစ်အတွင်းမှာ ငွေစာရင်းအမှားတွေလုပ်ဆောင်ခဲ့ပြီး၊  အပြောင်းအရွှေ့ကိစ္စနဲ့ အေးဂျင့်လုပ်ခတွေမှာ ငွေစာရင်းမသမာမှုတွေ ရှိခဲ့တယ်လို့ အီတလီရဲတပ်ဖွဲ့က စွပ်စွဲထားတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ စုစုပေါင်း ၄၂ ခု  မှာ ငွေစာရင်းအမှားလုပ်မှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ အဲဒီစွပ်စွဲမှုတွေအပေါ် လုံလောက်တဲ့ သက်သေမပြနိုင်ခဲ့ဘူးဆိုရင်တော့ ပြစ်ဒဏ်အနေနဲ့ စီးရီးဘီကို တန်းဆင်း ကစားဖွယ်ရှိတယ်လို့ အီတလီ စားသုံးသူအခွင့်အရေးစောင့်ကြည်သူအဖွဲ့က မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂ဝ ပြည့်နှစ်ကရရှိခဲ့တဲ့ စကူဒက်တို ချန်ပီယံဆုဖလားကိုလည်း ပြန်လည်ရုပ်သိမ်းခံရဖွယ် ရှိတယ်လို့ သိရပါတယ်။

4 days Ago

November 28, 2021

ဂျူဗင်တပ်စ်အသင်း ရုံးခန်းကို အီတလီရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေး

အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ရုံးခန်းကို နိုဝင်ဘာ ၂၇ ရက်က ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကလပ်အသင်းရုံခန်းကို အလစ်အငိုက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ 

အီတလီရဲတပ်ဖွဲ့ဟာ  ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂျူဗင်တပ်စ်အသင်းရဲ့ အပြောင်းအရွှေ့နဲ့ အေးဂျင့်လုပ်ခတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အလားတူ ဂျူဗင်တပ်စ်အသင်းရဲ့ ထိပ်တန်းအရာရှိ ၆ ဦးဟာလည်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုခံနေရပြီး အဲဒီအထဲမှာ အသင်းဥက္ကဋ္ဌ အန်ဒရီယာအန်နယ်လီနဲ့ ဒုတိယဥက္ကဋ္ဌ နက်ဗက်ဒ်တို့လည်း ပါဝင်ပါတယ်။ 

တူရင်မြို့ ရဲတပ်ဖွဲ့ရုံးကလည်း ပြည်သူ့အစိုးရရှေ့နေရုံးရဲ့ အမိန့်ညွှန်ကြားချက်အရ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တူရင်နဲ့ မီလန်မြို့တွေက ဂျူဗင်တပ်စ်အသင်း ရုံးခန်းတွေကို ဝင်ရောက် စစ်ဆေးခဲ့တာလို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ 

အီတလီသတင်းစာ ဂတ်ဇက်တာဒယ်လိုစပေါ့ကတော့ အပြောင်းအရွှေ့ ၄၂ ခုနဲ့ ပတ်သက်ပြီး စစ်ဆေးခံရတာဖြစ်ကာ ကန်ဆယ်လို၊ အာသာ၊ ဒယ်နီလိုနဲ့ ပီယာနစ်တို့ရဲ့ အပြောင်းအရွှေ့တွေလည်း ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

6 days Ago
More News
Up