ဂျူဗင်တပ်

October 12, 2022

ရှက်စရာရှုံးပွဲတွေ့ခဲ့သော်လည်း နည်းပြအယ်လီဂရီကို ထုတ်ပယ်မည်မဟုတ်ဟု ဂျူဗီကြေညာ

ရှက်စရာရှုံးပွဲနဲ့ တွေ့ခဲ့ပေမဲ့ နည်းပြအယ်လီဂရီကို ထုတ်ပယ်မှာမဟုတ်ကြောင်း ဂျူဗင်တပ်အသင်းက သတင်းထုတ်ပြန်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အစ္စရေးကလပ် မက္ကာဘီဟိုက်ဖာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

လက်ရှိအခြေအနေဟာ ခက်ခဲတဲ့ကာလတခုကို ဖြတ်သန်းနေရတာဖြစ်ပြီး တာဝန်ယူနိုင်ရမယ့် အခိုက်အတန့်ဖြစ်လို့ အသင်းမှာ ဆက်ရှိနေရတာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အန်ဒရီရာအက်နယ်လီက ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးဟာ တဦးတယောက်ကြောင့် ဖြစ်နေရတာ မဟုတ်ပါဘူး။ အသင်းတသင်းလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ကျနော်တို့ ရှက်စရာအဖြစ် ခံစားရပြီး ပရိသတ်တွေကို တောင်းပန်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြအဖြစ် ဆက်ရှိနေမှာပါ” လို့ အက်နယ်လီက အသိပေးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ အုပ်စု ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

2 months Ago

August 10, 2022

မန်ယူအသင်းက ဂျူဗီကွင်းလယ်လူ ရာဘီယူးကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် နီးစပ်

မန်ယူနိုက်တက်အသင်းဟာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယူးကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ ဝေဝါးလာခဲ့တဲ့နောက်မှာ ပြင်သစ်သား ရာဘီယူးကို ပြောင်းလဲခေါ်ယူဖို့ မန်ယူနိုက်တက်က ပစ်မှတ်ထားလာခဲ့တာပါ။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ရာဘီယူးဟာ စာချုပ်သက်တမ်း တနှစ်သာကျန်တော့ပြီး ပွဲထွက်ခွင့်လည်း ပျောက်ဆုံးခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရှိပါတယ်။

သူဟာ မွေးရပ်မြေ ပီအက်စ်ဂျီကလပ်မှာ ၇ နှစ်ကြာ  ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်က အီတလီကို ပြောင်းရွှေ့ကစားခဲ့တာပါ။

စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ပြစ်ချက်ဟောင်းတချို့ရှိပေမဲ့ ခြေစွမ်းပိုင်းအရတော့ မန်ယူအသင်းကွင်းလယ်မှာ အားကိုးရနိုင်သူလို့ ဘောလုံးကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြပါတယ်။

4 months Ago
More News
Up