ဂျုံများကို ပြင်သစ်စတင်ရှင်းလင်း

July 14, 2021

ဘေရွတ်ဆိပ်ကမ်း၌ ဓာတုပေါက်ကွဲမှုအပြီး ကျန်ရစ်သည့် ဂျုံများကို ပြင်သစ်စတင်ရှင်းလင်း

လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်က ဆိပ်ကမ်းမှာ ဓာတုပေါက်ကွဲမှုအပြီး ကျန်ရစ်တဲ့ တန်ချိန်ထောင် သောင်းချီတဲ့ ဂျုံတွေကို ပြင်သစ်လုပ်ငန်းက ဇူလိုင် ၁၃ ရက်ကနေ စတင် ရှင်းလင်း နေပါပြီ။ 

နျူကလီးယား မဟုတ်တဲ့ သမိုင်းမှာ အကြီးဆုံး ပေါက်ကွဲမှုတွေထဲက တခုဖြစ်တဲ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှု မှာ ဂျုံတန်ချိန် ခန့်မှန်းခြေ ၂၀၀၀၀ လောက် ပျက်စီးခဲ့တာပါ။

ဒီဂျုံတွေဟာ လူတွေ တိရစ္ဆာန်တွေ စားသောက်ဖို့ မသင့်တော်တော့လို့ ဘယ်လို အကောင်းဆုံး ပြန်သုံးနိုင်မလဲ ဆိုတာ ပြင်သစ် ကုမ္ပဏီ ရေစီဂရုနဲ့ ဒေသခံ မန်းအင်တာပရိုက်စ်တို့က အတူ ဆောင်ရွက် နေပါတယ်။

ဒီဂျုံတွေကို ဓာတ်မြေသြဇာ လုပ်ရာမှာ ပြန်သုံးဖို့ ဒါမှမဟုတ် ဖို့မြေတွေ တည်ဆောက်ရာမှာ အလွှာတထပ်အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းအနေနဲ့ ပြန်သုံးဖို့ စဉ်းစားထားကြပါတယ်။

“ဒါဟာ ပေါက်ကွဲမှုအပြီး ပထမဆုံး အကြီးစား ရှင်းလင်းရေး လုပ်ငန်းလည်းဖြစ်ပါတယ်။ ဂျုံတွေက အနံ့အသက်တွေ ထွက်နေပြီး အင်းဆက်တွေ ကြွက်တွေနဲ့ လုံးထွေးနေတယ် ကျနော်တို့ ဒီအတိုင်းမထားနိုင်ဘူး မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်း ရမယ်” လို့ မန်းအင်တာပရိုက်စ်ရဲ့ လက်ခွဲ မွန်ဒီစ် ကုမ္ပဏီရဲ့ ဒါရိုက်တာက ပြောပါတယ်။ 

ဓာတ်ခွဲခန်း လုပ်ငန်းတွေ လုပ်နေချိန်မှာ ဂျုံတွေကို တခြား အမှိုက်သရိုက်တွေနဲ့ ခွဲခြားဖို့ အချိန် ၃ လကနေ ၄ လ အထိ ယူရနိုင်တယ်လို့ ပြင်သစ်လုပ်ငန်း ရေစီဂရုရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ဆိပ်ကမ်းမှာ ပြန်လည်ပတ်နိုင်ရေး အမှိုက်တွေကို ရှင်းဖို့ ရေစီဂရုအတွက် ကန်ထရိုက်ဟာ အမေရိကန်ဒေါ်လာ ၁သန်းခွဲ တန်ဖိုးရှိတယ်လို့ ရိုက်တာ သတင်းဌာနကက ထုတ်ပြန်ပါတယ်။

7 months Ago
Up