ဂျုဗင်တိုက်စစ်မှူး

August 1, 2019

ဂျုဗင်တိုက်စစ်မှူး ဒီဘာလား ထိပ်တန်းလုပ်ခလစာရမှ မန်ယူကို ပြောင်းမည်

ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘာလားဟာ ထိပ်တန်းလုပ်ခလစာ ပေးချေမှ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဒီဘားလားရဲ့ အေးဂျင့်ဖြစ်သူနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပြီး လုပ်ခလစာ မြင့်မားစွာ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီဘာလားဟာ ဂျူဗင်တပ်အသင်းမှာ တစ်နှစ် လုပ်ခအဖြစ် အခွန်ဆောင်ပြီးနောက် ပေါင် ၆ ဒသမ ၅ သန်း ရရှိနေတာပါ။ မန်ယူနိုက်တက်အသင်းမှာတော့ အခွန်ဆောင်ပြီးနောက် တစ်နှစ် လုပ်ခ ပေါင် ၉ သန်း အသားတင် ရရှိဖို့  တောင်းဆိုထားတာလို့ သိရပါတယ်။ ဒါကြောင့် တပတ် လုပ်ခပေါင် ၃ သိန်းခွဲခန့် ပေးချေရနိုင်ပြီး ပရီးမီးယားလိဂ်မှာ ဒုတိယအများဆုံး လုပ်ခ ဖြစ်လာနိုင်မှ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူတောင်ပံကစားသမား ဆန်းချက်ဇ်က လုပ်ခအမြင့်ဆုံးအဖြစ် ပေါင် ၅ သိန်း ရရှိနေပြီး အာဆင်နယ်က အိုဇေးလ်က ပေါင် ၃ သိန်းခွဲလောက် ရရှိနေတာ ဖြစ်ပါတယ်။ -------------------------------------------------------------------------------------------- Zawgyi Version ဂ်ဳဗင္တိုက္စစ္မႉး ဒီဘာလား ထိပ္တန္းလုပ္ခလစာရမွ မန္ယူကို ေျပာင္းမည္ DVB ဂ်ဴဗင္တပ္တိုက္စစ္မႉး ဒီဘာလားဟာ ထိပ္တန္းလုပ္ခလစာ ေပးေခ်မွ မန္ယူအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ မန္ယူအသင္းဟာ ဒီဘားလားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ အဂၤါေန႔က ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရၿပီး လုပ္ခလစာ ျမင့္မားစြာ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ ဒီဘာလားဟာ ဂ်ဴဗင္တပ္အသင္းမွာ တစ္ႏွစ္ လုပ္ခအျဖစ္ အခြန္ေဆာင္ၿပီးေနာက္ ေပါင္ ၆ ဒသမ ၅ သန္း ရရွိေနတာပါ။ မန္ယူႏိုက္တက္အသင္းမွာေတာ့ အခြန္ေဆာင္ၿပီးေနာက္ တစ္ႏွစ္ လုပ္ခ ေပါင္ ၉ သန္း အသားတင္ ရရွိဖို႔  ေတာင္းဆိုထားတာလို႔ သိရပါတယ္။ ဒါေၾကာင့္ တပတ္ လုပ္ခေပါင္ ၃ သိန္းခြဲခန႔္ ေပးေခ်ရႏိုင္ၿပီး ပရီးမီးယားလိဂ္မွာ ဒုတိယအမ်ားဆုံး လုပ္ခ ျဖစ္လာႏိုင္မွ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ မန္ယူေတာင္ပံကစားသမား ဆန္းခ်က္ဇ္က လုပ္ခအျမင့္ဆုံးအျဖစ္ ေပါင္ ၅ သိန္း ရရွိေနၿပီး အာဆင္နယ္က အိုေဇးလ္က ေပါင္ ၃ သိန္းခြဲေလာက္ ရရွိေနတာ ျဖစ္ပါတယ္။
2 years Ago
Up