ဂျုဗင်တပ်စ်

February 27, 2020

ချန်ပီယံလိဂ် ပထမအကျော့တွင် နာမည်ကြီး ဂျုဗင်တပ်စ်နှင့် ရီရဲလ်မက်ဒရစ် ရှုံးပွဲတွေ့ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးက အဝေးကွင်းမှာ ရီရဲလ်မက်ဒရစ်ကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီရဲလ်က အိမ်ကွင်းမှာ ဦးဆောင်ဂိုး သွင်းနိုင်ပေမယ့် မန်စီးတီးက နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တာပါ။ မန်စီးတီးက ဒီပွဲနိုင်လို့ နောက်တကျော့အတွက် အခြေအနေ ကောင်း သွားပါတယ်။ နောက်ပွဲစဉ်မှာတော့ လိုင်ယွန်က အိမ်ကွင်းမှာ ဂျုဗင်တပ်စ်ကို ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ လိုင်ယွန်အသင်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂျုဗင်တပ်စ်တို့ လူစုံပါပေမယ့်လည်း ဂိုးပေါက် ပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယအကျော့မှာတော့ ဂျုဗင်တပ်စ်က အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 
1 year Ago
Up