အီတလီကလပ် ဂျုဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလားကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက ခေါ်ယူဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးကလည်း အင်္ဂလန်ကို ပြောင်းရွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျုဗင်တပ်နည်းပြသစ် ပီယာလို လက်ထက် အခုရာသီ ပြိုင်ပွဲအစုံမှာ ၆ ပွဲပဲ ကစားခွင့်ရထားပါတယ်။
တိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာလည်း ၁၈ လပဲ ကျန်ပါတယ်။
သူ့ကို ခေါ်ဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေကတော့ မန်ယူနိူတက်၊ လီဗာပူး၊ ချဲလ်ဆီး၊ စပါး၊ မန်စီးတီးနဲ့ အာဆစင်နယ်တို့ ဖြစ်တယ်လို့ အေးဂျင့်က ဆိုထားပါတယ်။
ဒိုင်ဘာလားဟာ ၂၀၁၉ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ကို ရောက်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
3 months Ago