ဂျီဟတ်

August 13, 2019

မာလီ ဂျီဟတ်စစ်ဆင်ရေးအတွင်း ပြင်သစ်တပ်ဖွဲ့များ သဲမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းများနှင့် ကြုံတွေ့

မာလီနိုင်ငံ ဂူးမားခရိုင်မှာ ပြုလုပ်တဲ့ ဂျီဟတ်ဝါဒီ စစ်ဆင်ရေးအတွင်း ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ သဲမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံရသလို ဒေသခံတွေရဲ့ နွေးထွေးမှုမရှိတာနဲ့လည်း ကြုံတွေ့နေရပါတယ်။ ပြင်သစ်တပ်ဖွဲ့ဝင် ရာချီနဲ့ မဟာမိတ် မာလီတပ်ဖွဲ့ဝင် ၁၀၀ လောက်ဟာ ဆာဗားနားဒေသမှာ ဂျီဟတ်ဝါဒီ ၅၀ ကို ရှာဖွေနေတာပါ။ စစ်ဆင်ရေး ပထမဆုံးနေ့မှာပဲ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်ထဲမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အစောပိုင်းက ဂျီဟတ်ဝါဒီတွေ ထွက်ပြေးတာကို မြင်ခဲ့တဲ့ ရွာတခုကို ရောက်ခဲ့ပါတယ်။ ဂျီဟတ်ဝါဒီ သတင်းကို စုံစမ်းတဲ့ သူတို့ကို ရွာသားတွေက ဘာမှ မပြောကြပါဘူး။ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသား၊ အမျိုးသမီး ခွဲပြီး ရှာဖွေရေး လုပ်ခဲ့ပါတယ်။ အဲဒီထဲက စမတ်ဖုန်းတခုမှာ ဂျီဟတ် ဝါဒဖြန့်ချိရေး ပါဝင်နေပါတယ်။ ပြင်သစ်တပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုဟာ နယ်မြေကျွမ်းကျင်ပြီး အရပ်သားတွေကြားထဲ ရောနှောပျောက်သွားတဲ့ လက်နက်ကိုင် ဂျီဟတ်ဝါဒီတွေကို မပြီးနိုင်တဲ့ ရှာဖွေမှုနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ ပြင်သစ်ကိုလိုနီဟောင်း တခုဖြစ်တဲ့ မာလီနိုင်ငံမှာ ဘာကန်စစ်ဆင်ရေးအတွက် ပြင်သစ်တပ်ဖွဲ့ဝင် ၄၅၀၀ ကို တပ်ဖြန့်ထားပါတယ်။ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ ကြမ်းတမ်းလှတဲ့ နယ်မြေမှာ ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
Zawgyi Version မာလီ ဂ်ီဟတ္စစ္ဆင္ေရးအတြင္း ျပင္သစ္တပ္ဖြဲ႕မ်ား သဲမုန္တိုင္း၊ မိုးႀကိဳးမုန္တိုင္းမ်ားႏွင့္ ႀကဳံေတြ႕ DVB မာလီႏိုင္ငံ ဂူးမားခ႐ိုင္မွာ ျပဳလုပ္တဲ့ ဂ်ီဟတ္ဝါဒီ စစ္ဆင္ေရးအတြင္း ျပင္သစ္တပ္ဖြဲ႕ဝင္ေတြဟာ သဲမုန္တိုင္း၊ မိုးႀကိဳးမုန္တိုင္းေတြနဲ႔ ႀကဳံရသလို ေဒသခံေတြရဲ႕ ေႏြးေထြးမႈမရွိတာနဲ႔လည္း ႀကဳံေတြ႕ေနရပါတယ္။ ျပင္သစ္တပ္ဖြဲ႕ဝင္ ရာခ်ီနဲ႔ မဟာမိတ္ မာလီတပ္ဖြဲ႕ဝင္ ၁၀၀ ေလာက္ဟာ ဆာဗားနားေဒသမွာ ဂ်ီဟတ္ဝါဒီ ၅၀ ကို ရွာေဖြေနတာပါ။ စစ္ဆင္ေရး ပထမဆုံးေန႔မွာပဲ ၄၀ ဒီဂရီ ဆဲလ္စီးယပ္စ္ အပူခ်ိန္ထဲမွာ ျပင္သစ္တပ္ဖြဲ႕ဝင္ေတြဟာ အေစာပိုင္းက ဂ်ီဟတ္ဝါဒီေတြ ထြက္ေျပးတာကို ျမင္ခဲ့တဲ့ ႐ြာတခုကို ေရာက္ခဲ့ပါတယ္။ ဂ်ီဟတ္ဝါဒီ သတင္းကို စုံစမ္းတဲ့ သူတို႔ကို ႐ြာသားေတြက ဘာမွ မေျပာၾကပါဘူး။ ျပင္သစ္တပ္ဖြဲ႕ဝင္ေတြဟာ အမ်ိဳးသား၊ အမ်ိဳးသမီး ခြဲၿပီး ရွာေဖြေရး လုပ္ခဲ့ပါတယ္။ အဲဒီထဲက စမတ္ဖုန္းတခုမွာ ဂ်ီဟတ္ ဝါဒျဖန႔္ခ်ိေရး ပါဝင္ေနပါတယ္။ ျပင္သစ္တပ္ဖြဲ႕ဝင္ေတြရဲ႕ ႀကိဳးပမ္းမႈဟာ နယ္ေျမကြၽမ္းက်င္ၿပီး အရပ္သားေတြၾကားထဲ ေရာေႏွာေပ်ာက္သြားတဲ့ လက္နက္ကိုင္ ဂ်ီဟတ္ဝါဒီေတြကို မၿပီးႏိုင္တဲ့ ရွာေဖြမႈနဲ႔ အဆုံးသတ္သြားတတ္ပါတယ္။ ျပင္သစ္ကိုလိုနီေဟာင္း တခုျဖစ္တဲ့ မာလီႏိုင္ငံမွာ ဘာကန္စစ္ဆင္ေရးအတြက္ ျပင္သစ္တပ္ဖြဲ႕ဝင္ ၄၅၀၀ ကို တပ္ျဖန႔္ထားပါတယ္။ ျပင္သစ္တပ္ဖြဲ႕ဝင္ေတြဟာ ၾကမ္းတမ္းလွတဲ့ နယ္ေျမမွာ ေထာက္ပံ့ပို႔ေဆာင္ေရး အခက္အခဲေတြနဲ႔ အႀကီးအက်ယ္ ရင္ဆိုင္ေနရပါတယ္။
2 years Ago
Up