ဂျီနိုအာ

September 30, 2020

ဂျီနိုအာအသင်းသား ၁၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် စီးရီးအေပြိုင်ပွဲ ရွှေ့ဆိုင်းရဖွယ်ရှိ

စီးရီးအေကလပ် ဂျီနိုအာအသင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၄ ဦး ရှိခဲ့တာကြောင့် ပြိုင်ပွဲကို နှစ်ပတ်ခန့် ရွှေ့ဆိုင်းဖို့ရှိတယ်လို့သိရပါတယ်။  ဂျီနိုအာအသင်းဟာ တနင်္ဂနွေနေ့က နာပိုလီအသင်းကို အဝေးကွင်းမှာ ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ တနင်္လာနေ့မှာ ဂျီနိုအာကစားသမားတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ကစားသမား ၁၄ ဦးမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။  နာပိုလီနဲ့ ပွဲမတိုင်ခင်ကတည်းက ဂျီနိုအာ နံပါတ်တစ် ဂိုးသမား မက်တီယာပါရင်မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် အချိန်နောက်ကျပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ နာပိုလီကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ နေအိမ်မှာ သီးသန့် နေထိုင်နေရပြီး ကိုဗစ်ပိုး ရှိ၊ မရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။  ဂျီနိုအာအသင်းက စနေနေ့မှာ တိုရီနိုနဲ့ ကစားဖို့ရှိပြီး နာပိုလီက ဂျူဗင်တပ်စ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ ဂျီနိုအာက ၁၄ ဦးအထိ ပိုးတွေ့ခဲ့တာကြောင့် အီတလီအစိုးရနဲ့ အားကစားဝန်ကြီးတို့ ဆွေးနွေးနေပြီး ပြိုင်ပွဲကို နှစ်ပတ်ခန့် ရွှေ့ဆိုင်းဖို့ရှိနေတယ်လို့ သိရပါတယ်။
7 months Ago
Up