ဂျိုးဟတ်

July 1, 2020

အသင်းသစ်ရှာပြီး အကောင်းဆုံးလက်စွမ်းပြသချင်ဟု အင်္ဂလန်ဂိုးသမား ဂျိုးဟတ် ပြော

ဘန်လေအသင်းက ထွက်ခွာခွင့်ပြုခဲ့တဲ့ ဂိုးသမား ဂျိုးဟတ်ဟာ အသင်းသစ်ရှာဖွေပြီး လက်စွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့တဲ့ ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အီတလီကလပ် တိုရီနိုမှာ အငှားချခံခဲ့ရပြီး ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းဆီကို ပြန်လည်အငှားချခဲ့ပါတယ်။  ၂၀၁၈ ခုနှစ်မှာ ဘန်လေအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာ ၂၁ ပွဲ ကစားခဲ့ရပေမယ့် အခုနှစ်ရာသီမှာတော့ ၃ ပွဲသာ ကစားခွင့်ရခဲ့တာပါ။ အသက် ၃၃ နှစ် ရှိလာပေမယ့် ငယ်ရွယ်သေးတယ်လို့ ခံစားမိပြီး သူ့ကို ယုံကြည်မှုပေးတဲ့အသင်းမှာ အကောင်းဆုံး လက်စွမ်းနဲ့ ပြန်လည်ပေးဆပ်သွားချင်တယ်လို့ ဂျိုးဟတ်က ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းက ကော့တွိုက် နေရာမှာ အစားထိုးဖို့အတွက် ကမ်းလှမ်းမှာ မဟုတ်ပေမယ့်လည်း မိမိဆီမှာ အကောင်းဆုံးလက်စွမ်းတွေ ကျန်ရှိနေသေးတယ်လို့ ဂျိုးဟတ်က ပြောကြားခဲ့ပါတယ်။
11 months Ago
Up