ဂျိုအာချင်လို

November 19, 2020

နည်းပြ ဂျိုအာချင်လိုးကို ရာထူးကနေ ထုတ်ပယ်ရန် ဂျာမနီပရိသတ်များ တောင်းဆို

စပိန်ကို ၆ ဂိုး ပြတ်နဲ့ရူံးနိမ့်ခဲ့အပြီးမှာ ဂျာမနီနည်းပြ ဂျိုအာချင်းလိုးကို ရာထူးကနေ ထုတ်ပယ်ဖို့ ပရိသတ်တွေက ဆန္ဒရှိနေပါတယ်။  ဂျာမနီအသင်းဟာ နေးရှင်းလိဂ်နောက်ဆုံးအဆင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် အဆုံး အဖြတ်ပွဲစဉ်မှာ စပိန်ကို အဆိုးရွားဆုံးရလဒ်နဲ့ရူံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယနေရာသာ ရခဲ့ပါတယ်။  အဲဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး ဂျာမနီအမာခံ ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ပြီး လာမယ့် ယူရိုပြိုင်ပွဲအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်ပြီလို့ ပြောပါတယ်။  အသင်းပရိသတ်တွေကို ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနိုင်မယ့်နည်းပြ လိုအပ်နေပြီး နည်းပြ ဂျိုအာချင်လိုးအနေနဲ့ အခုထက်ပိုပြီး တိုးတက်မှုရှိလာအောင် လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘူးလို့ ဂျာမနီပရိသတ်တဦးဖြစ်သူ အော်ကိုဇူဒစ်က ပြောပါတယ်။ ဂျာမနီပရိသတ် နောက်တဦးဖြစ်သူ အေဘယ်ကတော့ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်ကောင်းရင် လက်ရွေးစင်အသင်းလည်း ရလဒ်ကောင်းလေ့ရှိပေမဲ့ နည်းပြ ဂျိုအာချင်လိုး ကြောင့် အဲဒီလို ရလဒ်မကောင်းတော့တာလို့ ဝေဖန်ပါတယ်။  ဂျာမနီအသင်း ရလဒ်ဆိုးရွားခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြတဦးတည်းအပေါ်မှာ ပုံမချသင့်ဘဲ ကစားသမားတွေနဲ့ သက်ဆိုင်တယ်လို့ ပရိသတ်တချို့က သုံးသပ်ကြပါတယ်။  အသက် ၆၀ ရှိ နည်းပြ ဂျိုအာချင်လိုးဟာ ဂျာမနီနည်းပြချုပ်အနေနဲ့  ၂၀၀၆ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့သူပါ။  ၂၀၁၄ ကမ္ဘာ့ဖလားရယူပေးခဲ့ပေမယ့် အဲဒီနောက်ပိုင်း အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ 
5 months Ago
Up