ဂျိုဟိုးမြို့

July 1, 2020

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရောက် ရွှေ့ပြောင်းမြန်မာလုပ်သမားများအတွက် စားနပ်ရိက္ခာလှူဒါန်း  

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ ကပ်ဘေးကာလ အကူအညီလိုအပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို ဂျိုဟိုးမြို့ခံ ထွန်းသစ်စ ပရဟိတအသင်းနဲ့ စေတနာရှင်တွေက ဆန်၊ ဆီစတဲ့ စားကုန်တွေ ဇူလိုင် ၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။  လူဦးရေ ၁၀၀ စာအတွက် ဒေဆာချမလန်း တရုပ်ဘုံကျောင်း ဆရာတော်နဲ့ ကိုဇော်မျိုးဝင်း ညီအစ်ကိုတွေက လှူဒါန်းတဲ့ ဆန် ၁၀ ကီလိုအိတ် ၁၀၀၊ ဆီ တစ်ကီအိတ် ၁၀၀၊ ကြက်ဥအလုံး ၃၀ ပါကတ် ၁၀၀ စီတို့ကို လှူဒါန်းခဲ့ပါတယ်။  မလေးရှားနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမား သိန်းချီ ရှိနေပြီး၊ ကိုဗစ်ကာလ ဒုက္ခရောက်နေကြတဲ့အတွက် သတ်သေသူပေါင်း အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦး ရှိသွားပါပြီလို့ ထွန်းသစ်စ ပရဟိတအသင်း တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။
10 months Ago
Up