ဂျိုဟိုးဒါရူးလ် ကလပ်

January 16, 2020

ဂျာမန်လက်ရွေးစင်ဟောင်း ပိုဒေါစကီး မလေးရှားကလပ်သို့ ပြောင်းရွေ့ကစားလို

အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့‌ ကစားသမားဟောင်း လူကပ်စ်‌  ပိုဒေါစကီးဟာ မလေးရှားစူပါလိဂ်ချန်ပီယံ ဂျိုဟိုးဒါရူးလ် ကလပ်အသင်းထံကို ပြောင်းရွှေ့ ကစားလိုတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ မလေးရှားကလပ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ တန်ကူရဲ့ပြောကြားချက်အရဆိုရင် ပိုဒေါလ်စကီးဟာ မလေးရှားကို ပြောင်းရွှေ့နိုင်ဖို့ စိတ်အားထက်သန်နေပြီးတော့ မကြာခင်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့ဖူးတဲ့ ပိုဒေါလ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့သလို အာဆင်နယ်အသင်းနဲ့လည်း အက်ဖ်အေဖလားအောင်မြင်မှု တွေရရှိခဲ့သူဖြစ်ပါတယ်။ ပိုဒေါလ်စကီးရဲ့ကမ်းလှမ်းလာမှုကို ကျေနပ်အားရပေမယ့်လက်တလောမှာတော့  အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှု ပြီးဆုံးသွားခဲ့တာကြောင့် တခြားအခြေအနေတခုနဲ့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း ပိုင်ရှင်တန်ကူက ပြောပါတယ်။ ပိုဒေါစကီးဟာ လက်ရှိမှာတော့ ဂျပန်ဂျေ၀မ်းလိဂ်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းမှာ ကစားနေပြီး  အရှေ့တောင်အာရှကလပ်အသင်း တသင်းမှာ အခြေချဖို့ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
1 year Ago
Up