ဟောင်ကောင်ခရိုင်ရွေးကောက်ပွဲဝင်ရောက်ဖို့ တားမြစ်ခံရတဲ့အပေါ်မှာ လူငယ်တက်ကြွ လှုပ်ရှားသူ ဂျိုရှုဝါဝေါင်က သြဂုတ်လ ၇ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ခရိုင်ကောင်စီရွေးကောက်ပွဲမှာ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ ဝေါင်ကို အာဏာပိုင်တွေက ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်း မပြည့်မီဘူးဆိုပြီး သတ်မှတ်ခဲ့တာပါ။
ဝေါင်ရဲ့ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မှုဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ထောက်ခံမှုကို တားမြစ်တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ဆန့်ကျင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
တကယ်လို့ ဝေါင်ရဲ့ တရားစွဲဆိုမှုကို လက်ခံလိုက်မယ်ဆိုရင် အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်ခံရသူတွေအဖို့ ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ရာ လမ်းပွင့်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၄ ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ဆယ်ကျော်သက် လူငယ် တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ ဝေါင်ဟာ နိုင်ငံတကာလူသိထင်ရှား ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပါတယ်။
မကြာသေးခင်က ဟောင်ကောင်လွှတ်တော်ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးဆိုပြီး တားမြစ်ခံရတဲ့အတိုက်ခံ ကိုယ်စားလှယ်လောင်း ၁၂ ယောက်ထဲမှာ သူလည်း အပါအဝင် ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲကိုလည်း ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြချက်နဲ့ ဟောင်ကောင် အစိုးရက လာမယ့် ၂၀၂၁ စက်တင်ဘာလအထိ တစ်နှစ် ရွှေ့ဆိုင်းလိုက်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 years Ago