ဂျိုကိုးလ်

March 1, 2020

အူဘာမီယန်း အာဆင်နယ်မှထွက်သင့်ဟု ဂျိုကိုးလ် တိုက်တွန်း

တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာသင့်တယ်လို့ အင်္ဂလန် ကစားသမားဟောင်း ဂျိုကိုးလ်က သုံးသပ်လိုက်ပါတယ်။  အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။  BT Sportရဲ့ သုံးသပ်ချက်အစီအစဉ်မှာတော့ ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က  အူဘာမီယန်းလို တိုက်စစ်မှူးဟာ ထိပ်တန်းအဆင့်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို နှစ်စဉ်ကစား နိုင်ဖို့လိုအပ်ပြီး မိမိသာ အူဘာမီယန်းနေရာမှာဆိုရင် အသင်းကနေ ထွက်ခွာမယ်လို့ သုံးသပ်ပါတယ်။ အူဘာမီယန်းဟာ အသင်းကို ရောက်ရှိချိန်ကနေ လက်ရှိအချိန်အထိ စုစု ပေါင်း ၉၆ ပွဲ ကစားပြီး ၆၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago

December 15, 2019

ပရီးမီးယားလိဂ်ဖလားလုပွဲ ပြီးဆုံးသွားပြီဟု ဂျိုကိုးလ် သုံးသပ်

လီဗာပူးအသင်း ချန်ပီယံဆုဖလားရဖို့ သေချာသွားပြီလို့ အင်္ဂလန်ကစာသမားဟောင်း ဂျိုကိုးလ်က သုံးသပ်ပါတယ်။  ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်သူ ဂျိုကိုးလ်ဟာ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်နဲ့အတူ လီဗာပူးနဲ့ ဝက်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ကို BT Sports ရုပ်သံကနေ အတူတကွသုံးသပ်ရင်း ပြောကြားခဲ့တာပါ။  အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းက ခြေစွမ်းအကောင်းဆုံးပုံစံ မရခဲ့ပေမယ့် ဆာလက်ရဲ့  သွင်းဂိုး ၂ ဂိုးနဲ့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။  ဆုဖလားလုပွဲက ပြီးဆုံးသွားပြီလို့ ထင်ပြီး ဒီနှစ်အတွက် ဆုဖလားက ဘယ်လိုပဲဖြစ်နေနေ အန်ဖီးလ်ကွင်းဆီ ရောက်တော့မှာလို့ ဂျိုကိုးလ်က ဆိုပါတယ်။  ချန်ပီယံဖြစ်ချင်တဲ့ အသင်းတသင်းအနေနဲ့ ခြေစွမ်းကောင်း မပြသနိုင်ခဲ့တဲ့ ပွဲတွေမှာလည်း အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်ပြီး လီဗာပူးက အဲဒီလိုစရိုက်လက္ခဏာ ပိုင်ဆိုင်ထားတယ်လို့ ဂျိုကိုးလ်က သုံးသပ်ပါတယ်။  ပီတာခရော့ချ်ကလည်း ဂျိုကိုးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး မန်ယူအသင်းဟာလည်း အရင်က အဲဒီလို စရိုက်လက္ခဏာမျိုး ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
1 year Ago
Up