ဂျိုကိုဗစ်က

November 4, 2019

ပဲရစ်မာစတာ ချန်ပီယံဆုကို ဂျိုကိုဗစ် ၅ ကြိမ်မြောက် ရယူ

ပြင်သစ်နိုင်ငံမှာ   တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်တစ် နိုဗက်ကိုဗစ်က ကနေဒါက ဒီနစ်ရှာပိုပါလော့ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆားဘီယားနိုင်ငံသား ဂျိုကိုဗစ်က ပထမပွဲကို ၆-၃၊ ဒုတိယပွဲကို ၆-၄ နဲ့ အနိုင်ရသွားတာပါ။ အခုပွဲစဉ်ဟာ ဂျိုကိုဗစ်အတွက် မာစတာပြိုင်ပွဲတွေမှာ ပွဲ ၅၀ မြောက် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။ အခုရတဲ့ ပဲရစ်မာစတာ ဆုဖလားဟာ ဂျိုကိုဗစ်အတွက်တော့ ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
2 years Ago
Up