ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတာကြောင့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ရဖွယ် ရှိပါတယ်။
ဆာဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော်က ပြိုင်ပွဲဝင်ခွင့်ရဖို့ အယူခံတင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စီစဉ်သူတွေက သူတို့မှာ အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးမူဝါဒကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။
ဂျိုကိုဗစ်ဟာ ဒီနှစ်ဆန်းပိုင်းကလည်း သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲဝင်ဖို့ မဲလ်ဘုန်းမြို့ကို ရောက်ခဲ့ပြီးမှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့အကြောင်းနဲ့ ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။
ဒါပေမဲ့ ဂျိုကိုဗစ်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရလို့ ပြိုင်ပွဲတွေ ဝင်ခွင့်မရခဲ့ရင် ပြိုင်ပွဲမဝင်ဘဲ နေမယ်လို့ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ် ၁ နိုဗက် ဂျိုကိုဗစ်က ကမ္ဘာ့နံပါတ် ၅ စတီဖန်နို စီစီပက်စ်ကို အနိုင်ရသွားပါတယ်။
ဆားဗီးယားက ဂျိုကိုဗစ်အတွက် ဂရိက စီစီပက်စ်ကို ၆ ကြိမ် ဆက်တိုက် အနိုင်ရလိုက်တဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
သူတို့ နှစ်ယောက်ဟာ မနှစ်တုန်းက ပြင်သစ်အိုးပင်းဗိုလ်လုပွဲမှာ တွေ့ခဲ့တုန်းကလည်း ဂျိုကိုဗစ်ကပဲ အနိုင်ရခဲ့ပါတယ်။
၂၀၁၇ အီတလီ အိုးပင်းချန်ပီယံကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာတဲ့ စီစီပက်စ်အတွက် ဒီရာသီမှာ ပထမဆုံးဖလားရဖို့ အခွင့်အလမ်းနဲ့ လွဲချော်သွားရပြီ အီတလီ အိုးပင်းဖိုင်နယ်ကို ၁၂ ကြိမ် တက်ဖူးတဲ့ ဂျိုကိုဗစ်အတွက် ၆ လအတွင်း ပထမဆုံးအကြိမ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ပြီဖြစ်ပါတယ်။