၂၀၁၂ ခုနှစ်တုန်းက မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုရရှိခဲ့ဖူးတယ်လို့ အဲဗာတန်ကွင်းလယ်လူ ဂျိမ်းရိုဒရီ ဂွက်ဇ်က ဝန်ခံပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ အဲဗာတန်အသင်းနဲ့ ဒီကနေ့ည ၇ နာရီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲ မတိုင်ခင်မှာ ဂျိမ်းရိုဒရီဂွက်ဇ်က ပြောခဲ့တာပါ။
အသက် ၂၉ နှစ်ရှိ ရိုဒရီဂွက်ဇ်ဟာ အဲဒီအချိန်က ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှာ ကစားနေတာဖြစ်ပြီး မန်ယူအသင်းနဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့ပေမယ့် ပြင်သစ်ကလပ် မိုနာကို အသင်းဆီပြောင်းရွှေ့ခဲ့တာပါ။
ဘယ်လို အကြောင်းအရင်းကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့တာလဲဆိုတာ မသိတော့ပေမယ့် အဆုံးသတ်မှာ အဆင်မပြေခဲ့ဘဲ ယူနိုက်တက်မှာကစားဖို့ အဆင်သင့်မဖြစ်သေးလို့လား၊ ပိုကောင်းတဲ့အသင်းဆီ ပြောင်းရွှေ့ချင် လို့လားဆိုတာသိပ် မမှတ်မိတော့ကြောင်း ရိုဒရီဂွက်ဇ်ကပြောပါတယ်။
ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာနဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်ပိုင်းမှ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။
လက်ရှိကလပ် အဲဗာတန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရဖို့လည်း ပစ်မှတ်ထားတယ်လို့ ဂျိမ်းရိုဒရီဂွက်ဇ်ကပြောပါတယ်။
4 months Ago