ဂျိမ်းစ်မက်ဒီဆင်

A d v e r t i s e m e n t With Us

January 5, 2020

မန်ယူနိုက်တက်က မက်ဒီဆင်အတွက် ပေါင် ၄၅ သန်းအပြင် လင်ဂတ်ကို အလိုက်ပေး ကမ်းလှမ်းမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကိုခေါ်ယူဖို့ ပေါင်  ၄၅ သန်းအပြင် ကွင်းလယ်လူ လင်ဂတ်ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေ မှာ ဖော်ပြပါတယ်။  ယူနိုက်တက်နည်းပြဟာ အခုဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အသင်းရဲ့ကွင်းလယ်အင် အားကို ဖြည့်တင်းဖို့ကြိုးစားနေတာဖြစ်ပြီး ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ မက်ဒီဆင်ကို မျက်စိကျနေတာပါ။   မက်ဒီဆင်ဟာ ၂၀၁၈ နွေရာသီကမှ နော့ဝှစ်ကနေ လက်စတာအသင်းကို ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကအ သင်းရဲ့အဓိကကစားသမားတဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒီ ၂၃ နှစ်သားဟာ ဘရန်ဒန်ရောဂျာလက်ထက် အခုရာသီမှာလည်း အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ပရီးမီးယားလိဂ်ပွဲ ၂၀  ကစားပြီး ခြောက်ဂိုးသွင်းကာ သုံးဂိုး ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။  ဒါ့ကြောင့် ဆိုးလ်ရှားဟာ မက်ဒီဆင်ကို  ခေါ်ဖို့ အားစိုက်လာခဲ့တာဖြစ်ပြီး လက်စတာအသင်းဘက်က မီးစိမ်းပြမှုကိုရရှိဖို့ လင်ဂတ်ကိုပါ အလိုက်ပေးသွားဖို့ရှိနေတယ်လို့ Sunday Mirror သတင်းမှာဖော်ပြပါတယ်။  မက်ဒီဆင်ဟာ အိုးထရက်ဖို့ဒ်မှာအောင်မြင်မယ့် ကစားသမားလို့ ဆိုးလ်ရှားက တစ်ထစ်ချယုံကြည်နေပြီး ကွင်းလယ်လူကို တပတ်လုပ်ခပေါင် ၁၅၀၀၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။  ဒါပေမယ့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ လက်စတာအသင်းအနေနဲ့ မက်ဒီဆင်ကို အခုဇန်နဝါရီအ ပြောင်းအရွှေ့မှာ ရောင်းမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။  “ကျနော်တို့ မပြောင်းစေချင်တဲ့ ကစားသမားဟာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပါဘူး” လို့ လက်စတာနည်းပြက ပြောပါတယ်။  မက်ဒီဆင်ရဲ့အခြေအနေနဲ့ လုံးဝခြားနားနေသူက လင်ဂတ်ဖြစ်ပြီး အင်္ဂလန်ကွင်း  လယ်လူဟာ ၂၀၁၉ ခုနှစ်တနှစ်လုံးမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ရယူပေးနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးနိုင်မှုလည်း မရှိခဲ့ပါဘူး။  ဒါပေမယ့် သူဟာ နည်းပြ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကစားသမားတဦး အဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မက်ဒီဆင်အပြင် အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂျက်ဂရီလစ်ရှ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
1 year Ago
Up