ဂျိမ်းစ်မက်က်အဗွိုင်

A d v e r t i s e m e n t With Us

March 30, 2020

X-Men စတား ဂျိမ်းစ်မက်က်အဗွိုင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးရန်ပုံငွေ ပေါင် ၂ သိန်းကျော် လှူဒါန်း

X-Men ရုပ်ရှင်ကားတွေထဲမှာ Professor X အနေနဲ့ ပါဝင်ခဲ့တဲ့ နာမည်ကြီး ဟော လိဝုဒ်စတား သရုပ်ဆောင်မင်းသား ဂျိမ်းစ်မက်က်အဗွိုင်းက လတ်တလော ကိုရိုနာဗိုင်း ရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းရန်ပုံငွေပေါင် ၂၇၅၀၀၀ ကို လှူဒါန်းလိုက်ပါတယ်။ COVID-19 ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ဟာ ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်လာနေပြီး ဒါတွေကို တားဆီးနှိမ်နင်းဖို့အတွက် လုပ်ဆောင်နေကြရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း တွေအတွက် ရည်စူးပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(အဲန်အိပ်ချ်အက်စ်)ကို ပေးအပ် လှူဒါန်းလိုက်တာပါ။ ဒီအလှူငွေတွေကိုတော့ ကျန်းမာရေးလုပ်သားတွေအတွက် တကိုယ်ရေကာကွယ် ရေးဝတ်စုံ(ပီပီအီး)တွေ ဝယ်ယူအသုံးပြုတဲ့ နေရာတွေမှာ အသုံးပြုသွားမယ်လို့ ရောဂါ တိုက်ဖျက်ရေးလှုပ်ရှားမှုဆောင်ရွက်နေတဲ့ အဖွဲ့က ဆိုပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဒေါက်တာ ဆာလက်ဂျ်မာဆန်က တော့ မက်က်အဘွိုင်းရဲ့ ခုလိုရက်ရက်ရောရာလှူဒါန်းမှုဟာ တကယ့်ကို အံ့အားသင့်ဝမ်း မြောက်စရာပါပဲလို့ ပြောပါတယ်။ “ကျနော်တို့ကို လူတွေက ခုလိုယုံယုံကြည်ကြည်နဲ့ ပေးအပ်လှူဒါန်းမှုအတွက် တ ကယ့်ကိုလည်း အံ့အားသင့်ရပါတယ်။ သုံးရက်အတွင်းမှာပဲ ကျနော်တို့ရည်မှန်းထားတာ ထက် ၂ ဆကျော် ရန်ပုံငွေ အလှူငွေတွေ ရရှိခဲ့ပါတယ်” ဒီလှူဒါန်းမှုနဲ့ ပတ်သက်လို့ အသက် ၄၀ အရွယ် ဟောလိဝုဒ်စတားကတော့ သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ခုလိုရေးသားထားခဲ့တာပါ။ “ဒီကနေ့ လှူဒါန်းတဲ့ ငွေကြေးတွေဟာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ပါလိမ့် မယ်။ အစိုးရကျန်းမာရေးအဖွဲ့ကို ကူညီခြင်းဟာ ကျနော်တို့ကိုယ်ကို ကယ်တင်တာပါပဲ။ ဒီ အခြေအနေက တကယ့်ကို အရေးတကြီးတုံ့ပြန်ကြရမယ့် အနေအထားပါပဲ”
11 months Ago
Up