ဂျာမန် ရက်ပါ၏ဇနီး

May 5, 2020

အိုင်အက်စ် လူသစ်စုဆောင်းသူ ဂျာမန် ရက်ပါ၏ဇနီး အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရ

ဂျာမန် ရက်ပါအဆိုတော်ဟောင်းဘဝကနေ အိုင်အက်စ်စစ်သွေးကြွတွေက လာဘ်ထိုးလို့ အိုင်အက်စ်တွေအတွက် လူသစ်စုဆောင်းသူဖြစ်လာတဲ့ ဒေဆိုဒေါ့ဂ်ရဲ့ဇနီးသည် အိုမာအီမာအေဟာ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့မှာ တရားရင်ဆိုင်နေရပါတယ်။  သူဟာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်မှုနဲ့ အမျိုးသမီးငယ် တယောက်ကို ကျွန်ပြုမှုတွေနဲ့ စွပ်စွဲခံထားရတယ်လို့ ဂျာမန်မီဒီယာက ပြောပါတယ်။  အေဟာ ၂ ကြိမ်တိုင် မုဆိုးမ ဖြစ်ခဲ့ပြီး ဘာလင်ဖွား  ရက်ပါအဆိုတော် ဒေဆိုဒေါ့ဂ် အဖြစ် နာမည်ကြီးသူဒန်းနစ်ကတ်စ်ပါ့တ်နဲ့ လက်ထပ်ပြီးတဲ့နောက် သူကိုယ်တိုင် နာမည်ကြီးလာခဲ့ပါတယ်။  ကတ်စ်ပါ့ထ်ဟာ နောက်ပိုင်းမှာ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ထဲကိုဝင်ခဲ့ပြီး တက်ကြွတဲ့ လူသစ် စုဆောင်းသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ မှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူ သေဆုံးခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ကျန်ရစ်သူ ဇနီးသည် အေကို ဖမ်းအပြီး ရှစ်လအကြာမှာ တရားရုံးတင် စစ်ဆေးခဲ့တာဖြစ်ပြီး အေကိုယ်တိုင်ဟာလည်း အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ကာ ယာဇီဒီလူမျိုး မိန်းကလေးတယောက်ကို ကျွန်ပြုထားတယ်လို့ တရားရုံးစွဲချက်က စွပ်စွဲထားပါတယ်။ အေဟာ ခင်ပွန်းသည်နဲ့အတူ ဆီးရီးယားနိုင်ငံ ရက်ကာမြို့ထဲမှာ နေခဲ့တယ် သူ့ကလေးတွေကိုလည်း စစ်စခန်းထဲမှာ အတူခေါ်ထားခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ရေးပါတယ်။  အေဟာ ဂျာမန်အမျိုးသမီးတွေကို အိုင်အက်စ်အဖွဲ့အတွက် လူသစ်စုဆောင်းဖို့ ကြိုးစားခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
11 months Ago
Up