ဂျာမန် ဘဏ္ဍာရေးဝန်ကြီးနဲ့ဒုတိယအဓိပတိ ဖြစ်သူ အိုလက်-ရွိုက်ဟာ SPD ပါတီ ခေါင်းဆောင် နေရာအတွက် ဝင်ရောက် အရွေးခံမယ်လို့ ဂျာမန်မဂ္ဂဇင်း ဒတ်ရှ်စပီးဂဲက သြဂုတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။
ဗဟိုလက်ယာဆိုရှယ် ဒီမိုကရက်ပါတီ (SPD) ယာယီ ခေါင်းဆောင် ၃ ဦးနဲ့ ဖုန်းပြောရာမှာ ရွိုက်က ခင်ဗျားတို့ ဝင်ပြိုင်စေချင်ရင် ကျုပ်ဝင်ပြိုင်ချင်ပါတယ်လို့ ပြောခဲ့တယ်ဆိုပြီး ဒတ်ရှ်စပီးဂဲက ဖော်ပြပါတယ်။
SPD ပါတီ ခေါင်းဆောင် နေရာယှဉ်ပြိုင်ရာမှာ လူသိအများဆုံး ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ရွိုက်ဟာ ပြီးခဲ့တဲ့အခေါက်မှာ ဝင်ရောက် မပြိုင်ခဲ့ပါဘူး။
အဓိပတိ အန်ဂျလာမာကယ်ရဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ ခဲ့တဲ့ SPD) ပါတီဟာ လူထုစစ်တမ်းတချို့မှာ လူကြိုက်အများဆုံး စတ္ထုနေရာကို ရောက်လာခဲ့တာပါ။
(SPD) ပါတီ ခေါင်းဆောင် အန်းဒရေး-နားလက်စ် ရာထူးက နေ နှုတ်ထွက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လတုန်းက (SPD) ပါတီဟာ ပါတီကိုအုပ်ချုပ်ဖို့ ယာယီခေါင်းဆောင် ၃ ဦး ခန့်အပ်ခဲ့ပါတယ်။
Zawgyi Version
ဂ်ာမန္ ဘ႑ာေရးဝန္ႀကီး SPD ပါတီေခါင္းေဆာင္ေနရာအတြက္ အေ႐ြးခံမည္
DVB
ဂ်ာမန္ ဘ႑ာေရးဝန္ႀကီးနဲ႔ဒုတိယအဓိပတိ ျဖစ္သူ အိုလက္-႐ြိဳက္ဟာ SPD ပါတီ ေခါင္းေဆာင္ ေနရာအတြက္ ဝင္ေရာက္ အေ႐ြးခံမယ္လို႔ ဂ်ာမန္မဂၢဇင္း ဒတ္ရွ္စပီးဂဲက ၾသဂုတ္ ၁၆ ရက္မွာ ေဖာ္ျပပါတယ္။
ဗဟိုလက္ယာဆိုရွယ္ ဒီမိုကရက္ပါတီ (SPD) ယာယီ ေခါင္းေဆာင္ ၃ ဦးနဲ႔ ဖုန္းေျပာရာမွာ ႐ြိဳက္က ခင္ဗ်ားတို႔ ဝင္ၿပိဳင္ေစခ်င္ရင္ က်ဳပ္ဝင္ၿပိဳင္ခ်င္ပါတယ္လို႔ ေျပာခဲ့တယ္ဆိုၿပီး ဒတ္ရွ္စပီးဂဲက ေဖာ္ျပပါတယ္။
SPD ပါတီ ေခါင္းေဆာင္ ေနရာယွဥ္ၿပိဳင္ရာမွာ လူသိအမ်ားဆုံး ကိုယ္စားလွယ္ေလာင္းျဖစ္တဲ့ ႐ြိဳက္ဟာ ၿပီးခဲ့တဲ့အေခါက္မွာ ဝင္ေရာက္ မၿပိဳင္ခဲ့ပါဘူး။
အဓိပတိ အန္ဂ်လာမာကယ္ရဲ႕ ကြန္ဆာေဗးတစ္ပါတီနဲ႔ ၫြန႔္ေပါင္းဖြဲ႕ ခဲ့တဲ့ SPD) ပါတီဟာ လူထုစစ္တမ္းတခ်ိဳ႕မွာ လူႀကိဳက္အမ်ားဆုံး စတၳဳေနရာကို ေရာက္လာခဲ့တာပါ။
(SPD) ပါတီ ေခါင္းေဆာင္ အန္းဒေရး-နားလက္စ္ ရာထူးက ေန ႏႈတ္ထြက္ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ ဇြန္လတုန္းက (SPD) ပါတီဟာ ပါတီကိုအုပ္ခ်ဳပ္ဖို႔ ယာယီေခါင္းေဆာင္ ၃ ဦး ခန႔္အပ္ခဲ့ပါတယ္။
2 years Ago