လာမယ့်သီတင်းပတ်တွေမှာ အခြေအနေဆိုး ပြန်မရောက်ဖို့ ဂျာမနီအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို သတိဝီရိယကြီးကြီး စည်းကမ်းတကျ ဆက်လုပ်ဆောင်ရမယ်လို့ အဓိပတိ အိန်ဂျလာမာကယ်က ဧပြီ ၂၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၂၀ ရက်ရဲ့ ကန့်သတ်ချက်တစိတ်တပိုင်း ဖြေလျှော့မှုဟာ ကူးစက်နှုန်းကို မြင့်တက်စေလား ဆိုတာကို သီတင်းနှစ်ပတ် ကာလအတွင်း မြင်တွေ့ရမယ်လို့ မာကယ်က သတင်းထောက်တွေကို ပြောပါတယ်။
ဂျာမနီနိုင်ငံ ပြည်နယ် ၁၆ ခုက ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ ဒီသီသတင်းပတ်က စပြီး ၈၀၀ စတုရန်းမီတာအကျယ်ရှိတဲ့ ဆိုင်တွေ၊ မော်တော်ကားနဲ့ စက်ဘီး ရောင်းဝယ်ရေး ဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေကို ဖွင့်ခွင့်ပြုသွားမှာပါ။
အလားတူ ကျောင်းတွေကိုလည်း သီတင်းနှစ်ပတ်အကြာမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ကန့်သတ်ချက်တွေကို သိပ်မြန်မြန်ဖြေလျှော့ပေးလို့ ကူးစက်မှု ပြန်ပေါ်လာမယ့် အန္တရာယ်ရှိရင် ကန့်သတ်ချက်တွေကို ပြန်တင်းကျပ်မယ်လို့လည်း ဂျာမန်အဓိပတိ မာကယ်က ပြောပါတယ်။
ဂျာမနီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ပဉ္ဓမအများဆုံး ရှိပေမယ့် စောစောစီးစီး အများအပြား စစ်ဆေးခဲ့တာကြောင့် သေဆုံးသူ အရေအတွက် နည်းပါးပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့က သေဆုံးသူ အရေအတွက်ရဲ့ သုံးပုံတပုံသာ ရှိတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
11 months Ago