ဂျာမနီလက်ရွေးစင်အသင်းမှာ ဘယ်တော့မှ ကစားတော့မှာ မဟုတ်ကြောင်း ကွင်းလယ်လူ အိုဇေးလ်က ထပ်မံ အတည်ပြုလိုက်ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၈ ခုနှစ် ကစပြီး ဂျာမနီအသင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဂမ်နဲ့ ဖက်လဲတကင်းရှိခဲ့ပြီး ဓာတ်ပုံ အတူရိုက်ခဲ့တဲ့ အပေါ်မှာ ဂျာမန် ဘောလုံးအဖွဲ့ချုပ်က အိုဇေးလ်ကို ဝေဖန်ခဲ့ပါတယ်။
အိုဇေးလ်ဘက်ကတော့ သူ့ရဲ့ တူရကီမျိုးနွယ်စုကို လူမျိုးရေးခွဲခြားပြီး လေးစားမှု မရှိတာ ဖြစ်တယ်လို့ ယူဆပြီး ဂျာမနီအတွက် ကစားပေးခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။
အာဆင်နယ်ကနေ တူရကီကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဂျာမနီအတွက် ဘယ်တော့မှ ကစားပေးတော့မှာ မဟုတ်ဘူးလို့ အိုဇေးလ်က ထပ်ပြီးပြောခဲ့တာပါ။
ဆုံးဖြတ်ပြီးရင် နောက်ပြန် မလှည့်တက်တာကြောင့် ဂျာမနီအတွက် ကစားပေးတော့မှာ မဟုတ်ပေမဲ့လည်း ဂျာမနီအသင်းအနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေရဖို့ ဆန္ဒပြုတယ်လို့တော့ အိုဇေးလ်က ပြောခဲ့ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းနဲ့အတူ ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။