ဂျာမနီနှင့်တရုတ် ခေါင်းဆောင် ၂ ဦး တွေ့ဆုံ
September 6, 2019
ဂျာမနီနှင့်တရုတ် ခေါင်းဆောင် ၂ ဦး တွေ့ဆုံ
ဂျာမနီ အဓိပတိ အိန်ဂျလာမာကယ်ဟာ စက်တင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီခကျန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။  တွေ့ဆုံဆွေးနွေးပွဲပြီးနောက် အိန်ဂျလာမာကယ်ကို ကြိုဆိုတဲ့ အခမ်းအနားကို သူတို့နှစ်ယောက်စလုံး တက်ရောက်ခဲ့ကြပါတယ်။ တရုတ်ခရီးစဉ်မှာ မာကယ်ဟာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကိုလည်း ခေါ်ဆောင်လာခဲ့ ပါတယ်။ ဒါဟာ မာကယ်အနေနဲ့ တရုတ်စီးပွားရေး ဈေးကွက်တွေ ဖွင့်ပေးဖို့နဲ့ မျှမျှတတယှဉ်ပြိုင်မှုကို ကြိုဆိုလက်ခံဖို့ တရုတ်အစိုးရကို တွန်းအားပေးသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  တရုတ် - အမေရိကန် ကုန်သွယ်ရေး ပြဿနာက တကမ္ဘာလုံးရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိတာကြောင့် အမြန်ဆုံးဖြေရှင်းနိုင်မယ်မျှော်လင့်တယ်ဆိုပြီး ဆွေးနွေးပွဲအစပိုင်းမှာ မာကယ်က ပြောခဲ့ပါတယ်။ 
2 years Ago
Up