ဂျာမနီနိုင်ငံသား

A d v e r t i s e m e n t With Us

March 21, 2020

ကိုရိုနာဗိုင်းရပ်စ်ဒဏ် ရင်ဆိုင်နေရသည့် အီတလီကို ဂျာမနီနိုင်ငံသားများ သီချင်းဖြင့် အားပေး (ရုပ်သံ)

ဂျာမနီနိုင်ငံ ဘာဗေးရီးယန်းနယ်မြို့တခုဖြစ်တဲ့ ဘမ်းဘာ့ဂ်မှာ မြိုခံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဒဏ်ကို အပြင်းအထန်ရင်ဆိုင်နေရတဲ့ အီတလီနိုင်ငံသားတွေနဲ့အတူ စည်းလုံးစွာရှိနေကြောင်း ပြသဖို့ ကိုယ့်နေအိမ်ရှေ့ကနေ သံပြိုင်သီချင်းဆို ထောက်ခံအားပေးခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  ဘမ်းဘာ့ဂ်က ဂျာမန်နိုင်ငံသားတွေဟာ မကြာမီက ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် မြို့လုံးကျွတ်အပြင်မထွက်ဘဲ သီးခြားခွဲပိတ်ခံထားရတဲ့ အီတလီနိုင်ငံသားတွေ အချင်းချင်းအားပေးတဲ့အနေနဲ့ ဝရန်တာထွက်သီချင်းဆိုကြတာကို မြင်ခဲ့ရသူတွေပါ။  ဒါကြောင့် သူတို့လည်း အီတလီနိုင်ငံသားတွေကို အားပေးထောက်ခံတဲ့အနေနဲ့ တသွေးတသားတည်း ရှိကြောင်းပြသတဲ့အနေနဲ့ အီတာလျံဆန္ဒပြလူထုသီချင်းတပုဒ်ဖြစ်တဲ့ ဘယ်လာစီအာယို "Bella Ciao သီချင်းကို သီဆိုခဲ့ကြတာပါ။  သူတို့ သီချင်းဆိုတီးမှုတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ယူကျု့ဘ်ပေါ်တင်ထားရာမှာ အခုတော့ ကြည့်ရှုခံရမှုအကြိမ်ရေ ၅ သိန်း ကျော်သွားပြီလို့ သိရပါတယ်။  အီတာလျံသီချင်းကို သံပြိုင်ဆိုပြီး တက်ကြွနေတဲ့ အိမ်နီးချင်းတွေကိုယ်စားရှင်းပြတဲ့ မစ်္စခါ ဆဲလ်ဇ်မန်း Mischa Salzmann ကတော့ သူတို့ ဒီလိုလုပ်တာဟာ ရုတ်တရက်ဖြစ်လာတာဖြစ်ပြီး ကြိုတင်စီစဉ်ပြီး လုပ်တာမဟုတ်ဘူးလို့ ရိုက်တာသတင်းကို ပြောပါတယ်။  ဂျာမနီမှာ ဘာဗေးရီးယန်းပြည် နယ်ဟာ နိုင်ငံ ရဲ့ ဒုတိယလူဦးရေအများဆုံးဖြစ်ပြီး၊ယမန်နေ့ မတ် ၂၀ ရက်နေ့ကစတင်လို့ ပြည်နယ်ကို ပိတ်ချလိုက်ပြီ ဖြစ်ပါတယ်။
11 months Ago
Up