ဂျာမနီတိုက်စစ်မှူ

May 8, 2020

ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေး ဘိုင်ယန်လက်ထောက်နည်းပြ တာဝန်ယူမည်

ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ကလိုဆေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။  ဂျာမနီလက်ရွေးစင်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကလိုဆေးဟာ မနေ့က ဘိုင်ယန်အသင်းနဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြချုပ် ဟန်စီဖလစ်ရဲ့ လက်ထောက် နည်းပြအဖြစ် လာမယ့်ရာသီကစပြီး တာဝန်ယူမှာဖြစ်ပါတယ်။  အသက် ၄၁ နှစ်ရှိ ကလိုဆေးဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ပြီး စုစုပေါင်း ပွဲ ၁၅၀ မှာ ၅၃ ဂိုးသွင်းယူခဲ့ပါတယ်။  ဘိုင်ယန်အသင်းကနေ အီတလီကလပ် လာဇီယိုအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၆ ခုနှစ် က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်စီအီးအို ရူမင်နစ်ဂီကတော့ ကလိုဆေးဟာ ပြီးခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ အတွင်းမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေက အသင်းရှိ တိုက်စစ်မှူးတွေအတွက် အကျိူးရှိလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။  ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သွင်းဂိုး ၁၆ ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။
11 months Ago
Up